Home » » အချစ်သစ်ပင်

အချစ်သစ်ပင်



င့ါနှလုံးသားမြစ်ဖျားသက်ဝင်ပေါက်ဖွား
စိမ်းလန်းရှင်သန်နေတဲ့အချစ်သစ်ပင်။

ငါ့သံယောဇဉ်ရေသောက်
မေတ္တာမြေထက်မှာ သစ္စာနေရောင်တွေနဲ့
ကြီးရင့်လာတဲ့ အချစ်သစ်ပင်လေးရေ.... ။

အလွမ်းလေပြေကြောင့်
နွမ်းနေရတဲ့ နှလုံးသားလေးက
ကြမ်းတမ်းတဲ့ ဝေးကွာခြင်းကို
အန်တုဖို့ မျက်ရည်မြစ်များ
ဖြစ်ပေါ်လာတာ သိနိုင်ပါ့မလား။

မျှော်လင့်ခြင်းဆည်းဆာမှာ
တမ်းတခြင်းရောင်ခြည်တွေနဲ့
မနက်ဖြန်တိုင်းမှာ နွမ်းချခြင်းများစွာနဲ့
လွမ်းရအုံးမယ် ...

ရင်ထဲက အချစ်သစ်ပင်လေးရယ်.. ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်