Home » » အထူးအဆန်းလဲ မဟုတ်တော့ပါဘူး

အထူးအဆန်းလဲ မဟုတ်တော့ပါဘူး

 
ငါ မငိုပါဘူး မျက်ရည်ကျနေရုံပါ
ငါ ၀မ်းမနည်းပါဘူး ရင်ထဲမှာ ဆို့နင့်နေရုံပါ
ငါ အားမငယ်ပါဘူး ရှေ့ဆက်ရမယ့်လမ်းကိုရင်မဆိုင်နိုင်ရုံပါ
ငါ မကြောက်ပါဘူး ရင်ထဲမှာ သွေးပျက်နေရုံပါ
ငါ ပြုံးနေပါတယ် ငါ့အပြုံးတွေက အသက်မ၀င်ရုံလေးပါ
ငါ သွားနေပေမယ့် ငါသွားတဲ့လမ်း ပျောက်နေရုံလေးပါ
ငါ အိပ်နေပါတယ် မျက်လုံးတွေ မှိတ်မရရုံလေးပါ
ငါ နေနိုင်ပါတယ် ငါ့ဘ၀ အမှောင်သွားရုံကလွဲရင်ပေါ့

အရာရာမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်ဆိုပေမယ့်
အရှုံးတွေကိုသာ အမြဲပိုင်ဆိုင်နေရတဲ့ ငါ့အတွက်တော့
အထူးအဆန်းလဲ မဟုတ်တော့ပါဘူးဟာ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်