Home » » ဒဏ်ရာများနဲ့ ငါ့နှလုံးသား

ဒဏ်ရာများနဲ့ ငါ့နှလုံးသား

ထွက်သွားစမ်းပါ...
မင်းမရှိလို့ ငါ ၀မ်းမနည်းဘူး
မင်းမရှိရင်မဖြစ်ဘူးဆိုတာမှန်တယ်
ငါ့နားမှာ မင်း ရှိဖို့ထက်
ငါ့ရင်ထဲမှာ မင်းရှင်သန်နေဖို့ပဲလိုတယ်...

မင်းမနေချင်တဲ့ ဒီရင်ခွင်ဟောင်းကို စွန့်ခွာလိုက်စမ်းပါ
ရင်ခွင်သစ်က ပိုပျော်စရာကောင်းတယ်မဟုတ်လား
မင်းမရှိလို့ ငါ့ရင်ခွင်က မကြေကွဲပါဘူး
ဟာတာတာလေးဖြစ်နေရုံကလွဲရင်ပေါ့ ...

ပျော်ရွှင်မှုတွေ ဆိတ်သုန်းနေတဲ့ ဒီနှောင်ကြိုးတွေနားက
ကျောခိုင်းလိုက်စမ်းပါ
မင်း နဲ့ ဝေးလို့ ငါ ငိုကြွေးမနေပါဘူး
ရင်တစ်ခုလုံး ပျက်သုန်းခဲ့တာကလွဲရင် ...

ပြောပစ်လိုက်စမ်းပါ
မာယာတွေနဲ့ ချစ်ခဲ့တာပါလို့
မင်း အဲလိုပြောလို့ ငါ မနာကျင် မမုန်းတီးပါဘူး
မင်း နဲ့ လမ်းခွဲပြီးနောက် ယူကြုံးမရ ဖြေသိမ့်စရာမဲ့လို့
ငါ နောက်ထပ်အချစ်တစ်ခု မရှိနိုင်တော့နိုင်ရုံက လွဲရင်ပေါ့ ...

မင်းပေးတဲ့ ကြင်နာမှု တစ်ချို့နဲ့
ဒီဘ၀ခရီး စချင်ပေမယ့်
မင်း ရဲ့ပြောင်းလဲလွန်းလှတဲ့ အရောင်တွေကြားမှာ
ငါ အခါခါကျဆုံး ..

နောက်ဆုံးတော့လဲ ငါ ရင်နာနာနဲ့
မင်းနားမှာ ဒဏ်ရာရနေတဲ့ ငါ့နှလုံးသားကို
အဝေးဆုံးဆီသို့ ငါ ရက်စက်စွာ
ပို့ပစ်လိုက်ပါရစေ .....

လွမ်းဆုလေး


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်