Home » » မင်း အနားမှာ အမြဲ ရှိနေဖို့ဖြစ်နေလို့ပါ

မင်း အနားမှာ အမြဲ ရှိနေဖို့ဖြစ်နေလို့ပါ

လွန်လေပြီးသောအခါ ...
ဆိုတဲ့ အတိတ်ကို ရည်ညွှန်းဖို့အတွက်ဆိုရင်
နင့်ရင်ထဲက အချစ်တွေ ငါ့ကိုမပေးခဲ့ပါနဲ့။
 
ဟိုးအရင်က ..... ဆိုတဲ့
ပြီးခဲ့တာကို ဖော်ညွှန်းဖို့ဆိုရင်
တန်ဖိုးရှိတဲ့နင့်အချစ်တွေကို မစတေးပါနဲ့။

ပြီးခဲ့လေသော .... ဆိုတဲ့
အရင်အဖြစ်တွေကို တမ်းတဖို့ အတွက်ဆိုရင်
ဒီအချစ်တွေကို ဓားစာခံမလုပ်ပါနဲ့။

တစ်ချိန်က ငါ့ချစ်သူ .... ဆိုတဲ့
ဂုဏ်ပုဒ်တစ်ခုအတွက် ငါ့ကို ချစ်ခဲ့တာဆိုရင်
နင် ပေးတဲ့အချစ်တွေကို
ဒီနေရာကနေ သိမ်းသွားလိုက်ပါ။

ငါ လိုချင်တာ ဒီလို အဆုံးသတ်မှုမဟုတ်ဘူး
ငါ ဖြစ်ချင်တာ ဒီလို ဇာတ်သိမ်းမှု မဟုတ်ဘူး
ငါ တမ်းတခဲ့တာ ဒီလို နာကျင်မှု မဟုတ်ဘူး
ငါ မျှော်လင့်ခဲ့တာ ဒီလို ရင်နာဖို့မဟုတ်ခဲ့ဘူး

ငါ ချစ်ခဲ့တာ ထာဝရပိုင်ဆိုင်ဖို့
မင်း အနားမှာ အမြဲ ရှိနေဖို့ဖြစ်နေလို့ပါ ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်