Home » » ပြန်ပေးပါ

ပြန်ပေးပါ

ကောင်ကလေးရေ...
ငါ့ရင်ခုန်သံတို့ ပြန်ပေး
ရင်ခုန်သံတို့ ပြန်ပေးပါ ...
မင်းနဲ့ရှိမယ့် ရင်ခုန်သံတို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ မျှော်လင့်ချက်တို့ ပြန်ပေး
မျှော်လင့်ချက်တို့ပြန်ပေးပါ
မင်းအတွက်ထားရစ်မယ့် မျှော်လင့်ခြင်းတို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ မျက်ရည်တွေ ပြန်ပေး
မျက်ရည်စက်တွေ ပြန်ပေးပါ
မင်း အတွက် ငိုကြွေးခဲ့တဲ့ မျက်ရည်စက်တို့
ငါ့အတွက် ပြန်ပေးပါ ။

ကောင်ကလေးရေ...
ငါ့ အချစ်တွေ ပြန်ပေး
အချစ်တွေ ပြန်ပေးပါ
မင်းအတွက် ရှင်သန်နေတဲ့ အချစ်တို့
ငါ့အတွက် ပြန်ပေးပါ။

ကောင်ကလေးရေ...
ငါ့ အနာဂတ်တို့ပြန်ပေး
အနာဂတ်တို့ ပြန်ပေးပါ
မင်းတစ်ယောက်ထဲသာ ပိုင်တဲ့ အနာဂတ်တို့
ငါ့အတွက် ပြန်ပေးပါ။

ကောင်ကလေးရေ...
မင်းနဲ့ပတ်သက်သမျှ ငါ့ဘ၀တို့
အရာရာကို ပြန်ပေး
ပြန်ပေးပါ ..

လွမ်းဆုလေး


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်