Home » » အဝေးကချစ်နေတာလဲ အချစ်တစ်ခုပါ

အဝေးကချစ်နေတာလဲ အချစ်တစ်ခုပါ

ငါ မငိုပါဘူးဟာ...
ငါ့ရင်ထဲက မွန်းကျပ်မှုကို မျက်ရည်အဖြစ်
ဖောက်ထုတ်ပစ်လိုက်ရုံပါ။

ငါ့ ပါးပြင်ထက်က မြစ်နှစ်စင်းကို မကြည့်ပါနဲ့
နင် သွားမယ့်လမ်းသာ ဖြောင့်ဖြူးပါစေ။

ငါကြေကွဲနေမယ်လို့ နင် မတွေးပါနဲ့
ကြာလာရင် နေသားတကျဖြစ်သွားမှာပါ ။

ငါ အထီးကျန်နေမယ်လို့ မထင်ပါနဲ့
ငါ့ရင်ထဲမှာ မင်း ရှင်သန်သေးသမျှ ငါ အထီးမကျန်ပါဘူး ။

ငါ မုန်းလို့ စွန့်ခွာချင်တယ်လို့ မယူဆလိုက်ပါနဲ့
ငါ ပျော်ဖို့ထက် နင်ပျော်ဖို့က ပိုအရေးကြီးလို့ပါ ။

ကျောခိုင်းပြီးတဲ့နောက် ပြန်လှည့်မကြည့်ပါနဲ့
ရူးသွပ်နေတဲ့ ငါ့အဖြစ်တွေကို မမြင်စေချင်လို့ပါ ။

ငါတို့ချစ်ခဲ့တဲ့ရက်တွေကို မလွမ်းဆွေးပါနဲ့
ဒီအလွမ်းတွေကြားက ရင်ကွဲနေတဲ့ ငါ့ကို မတွေ့စေချင်လို့ပါ ။

နင် လျှောက်မယ့်လမ်းခရီးမှာ
အပြုံးတွေနဲ့ လမ်းခင်းထားပါ့မယ်
ငါ့ ရင်ထဲက အရာရာကို သိမ်းဆည်းပြီးတော့ပေါ့။

ငါ မနာကျင် မခံစားရလို့တော့ မဟုတ်ပါဘူး
ငါ့ရင်ထဲမှာ ...
င့ါ နှလုံးသားတွေထဲမှာ ...
ငါ အတွေးထဲမှာ ...
ငါ့ အိပ်မက်တွေအားလုံးမှာ ...
ငါ့ရဲ့ မနက်ဖြန်တိုင်းဟာ ......
(.............................................)

ဘာပဲဖြစ်ဖြစ် မင်းကို သိစေချင်တာက
အဝေးကချစ်နေတာလဲ အချစ်တစ်ခုဆိုတာပါ ။

လွမ်းဆုလေး


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်