Home » » နင်းခြေပစ်ရက်တယ်

နင်းခြေပစ်ရက်တယ်

ဖူးပွင့်စ ငါ့အချစ်ပန်းတို့
ဝတ်ရည်ကို စုတ်ယူ
လိုအပ်သလိုသုံး အရသာကုန်တော့
နောက်တစ်ပင်ကူးလူးတတ်တဲ့
မင်းအကျင့်တွေက ငါ့ရင်မှာ 
ဒဏ်ရာအထပ်ထပ်ဖြစ်စေခဲ့တယ်။

ချစ်လို့ အလိုလိုက် မြတ်နိုးလို့နားလည်
သနားလို့ ခွင့်လွှတ်ပေးတတ်တာသိလို့
ငါ့အားနည်းချက် အညှာတွေကို
နင် ကိုင်တွယ်ပြီးတော့
ငါ့ရင်ကို အရှင်လတ်လတ် နင်ခွဲရက်တယ်။

ငါက နင် ကစားတဲ့ အရုပ်လေးလောက်တောင်
တန်ဖိုးမရှိတော့ဘူးတဲ့လား ...
ငါက နင် လိုအပ်ချိန်လာ နင် မလိုရင်ထားခဲ့ရလောက်အောင်
ငါ့နှလုံးသားက ဇရပ်ဖြစ်နေလို့လား ။

နင် သိပ်ကို နာကျည်းဖို့ကောင်းတယ်
နင် သိပ်ရွံဖို့ကောင်းတယ်
နင် ငါ့အချစ်တွေနဲ့ မထိုက်တန်ဘူး
နင်ငါ့အမုန်းတွေနဲ့လဲ မထိုက်တန်ဘူး

ငါ့ရင်ကို ခြေစုံကန်ခဲ့ပြီးမှ
ငါ့နှလုံးသားကို ပြန်လာသိမ်းချည်ရလောက်အောင်
ငါက နင်ဝယ်ထားတဲ့ ဘိုမရုပ်လေး မဟုတ်ဘူး..

ငါက လူသားစစ်စစ်တစ်ယောက်ပါ
ငါ နာကျင်တတ်တယ် မုန်းတီးတတ်တယ်
ငါ နင့်ကို အရမ်းမုန်းတယ် သိလား
အချစ်ကြီးချစ်ခဲ့သမျှ အမုန်းကြီးမုန်းမိတယ်။

နင်မို့ ငါ့အချစ်တွေကို မြေပေါ်ခင်း
နင်းခြေပစ်ရက်တယ် ဟာ ... ။

လွမ်းဆုလေး 
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်