Home » » ဒီပွဲမှာ တကယ်နိုင်ခဲ့သူက ငါပါ

ဒီပွဲမှာ တကယ်နိုင်ခဲ့သူက ငါပါ

မနေချင်လို့ ငါ့ရင်ခွင်က ထွက်သွားသူကို
ပြန်လာပါ လို့ အကြိမ်ကြိမ်အော်နေရလောက်အောင်
ငါ မမိုက်မဲသေးဘူး..

အကြောင်းပြချက်များစွာနဲ့
ခွင့်လွှတ်ပါ တောင်းပန်ပါတယ်ဆိုတာနဲ့
ကျေနပ်ရလောက်အောင် ငါ့ အချစ်တွေက
အပေါစားမဆန်သေးဘူး ...

အခြေအနေအရ ကျောခိုင်းရတာပါဆိုတဲ့
စကားလုံးတွေနဲ့ နားလည်ပေးပါဆိုရလောက်အောင်
အစထဲက ဆုံးခန်းမတိုင်မှန်းသိရင်
ဘာလို့ ငါ့ကို လာကစားခဲ့သေးတာလဲ ...

ငါ အပြစ်မတင်ပါဘူး ငါ မမုန်းပါဘူး
နင် မချစ်လို့ ငါ့နားက ထွက်သွားတာပဲ
ငါ ကြည်ဖြူရမှာပေါ့ ...

ဒါပေမယ့်
ငါ့အသဲခွဲနိုင်လိုက်လို့
နင်နိုင်တယ်လို့ မတွေးလိုက်ပါနဲ့
ဒီပွဲမှာ တကယ်နိုင်ခဲ့သူက ငါပါ

ငါ နိုင်ခဲ့တာပါ .....

လွမ်းဆုလေး
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်