Home » » ဘ၀ခရီး

ဘ၀ခရီး

ချစ်သူ
ဘ၀ခရီး လျှောက်လှမ်းမယ်ဆိုရင်
အရာရာမှာမျှဝေခံစား
အကြိုက်ချင်းလဲတူ စိတ်ချင်းလဲတူ
သဘောထားချင်းလဲတူနေမှဖြစ်မယ်။

ပန်းတိုင်မတူခဲ့ရင်
လျှောက်ရမယ့်လမ်းချင်းက မတူညီကြလို့
ဘ၀ခရီးအတူလျှောက်ဖို့ဆိုတာ ခက်လိမ့်မယ်။

သူက အမည်း ကိုယ်ကအဖြူ
ဖြစ်နေခဲ့လို့ ပြန်လည်ညှိနိုင်းခြင်းမရှိခဲ့ရင်
အဲဒီအချစ်က ကွဲကွာခြင်းနဲ့ ဆုံးရလိမ့်မယ်။

ဘာသာတရားချင်း အယူဝါဒ ခံယူချက်ချင်း
ဦးတည်ချက်ခြင်းတွေ
တူညီမှသာ ဘ၀မှာ
ရေရှည်လက်တွဲနိုင်မယ်...

ဒါကြောင့်ချစ်သူရေ.....
မတူတာကို တူအောင်ညှိ
တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်ပြီး
တစ်ယောက်အမှား တစ်ယောက်တားရင်းနဲ့
တစ်ယောက်တင်းရင် တစ်ယောက်လျှော့လို့
တို့နှလုံးသားချင်း ဖလှယ်ကြမယ်နော် ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်