Home » » ဒဏ်ရာများနဲ့ နှလုံးသား

ဒဏ်ရာများနဲ့ နှလုံးသား

ည....
မဟောင်းနွမ်းတဲ့ အသစ်တို့နဲ့
အခုတစ်ခါလဲ ရောက်ခဲ့ပြန်ပေါ့။

နေ့နေ့ညညပြောင်း
အချိန်တွေသာ ဟောင်းခဲ့ပေမယ့်
မမေ့နိုင်တဲ့ ဒီအလွမ်းတွေက
ငါ့ရင်ကို တိုးဝှေ့
အရာရာက အသစ်အတိုင်းပါပဲ။

မင်း ထားရစ်ခဲ့တဲ့ ဒီနေရာဟောင်းမှာ
သတိရတိုင်း ငါရောက်နေပေမယ့်
အချစ်သစ်တွေကြားမှာ ပျော်မြူးနေမယ့်
မင်းအပြုံးတွေကို ငါနာကျင်လိုက်တာ…

အသက်မဲ့တဲ့ ဒီဂုဏ်ပကာသနတွေက
ငါ့အချစ်တွေထက် တန်ဖိုးရှိလား
ငါ မသိပေမယ့်
မင်းကို မေ့မရတဲ့ အလွမ်းတွေနဲ့
ငါ လွမ်းတိုင်း သတိရတိုင်းမှာ
ငါ့ ရင်ဘတ်ကို ဓားနဲ့ခွဲ
မီးရဲရဲမှာ ပစ်ချချင်တယ်။

အမှတ်သည်းခြေ မရှိတဲ့
ဒီနှလုံးသားတစ်စုံကြောင့်
နေ့နေ့ညည မှန်း
ငါ လွမ်းရတဲ့ အချိန်တွေ
လျော်ကြေးသာပြန်တောင်းလို့ရရင်
တောင်းပစ်ချင်ပါရဲ့… ။

မင်းနဲ့မှ ကျရှုံးခဲ့တဲ့ ငါ့နှလုံးသား
အဆိပ်လူးမြှားနဲ့ ပစ်ပြီး
ဟိုး…စကြာဝဠာအပြင်ဘက်
လွှင့်လိုက်ချင်တယ်။

လွမ်းဆုလေး


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်