Home » » မပြည့်စုံသူ၏ ဖြေမရသော အလွမ်း

မပြည့်စုံသူ၏ ဖြေမရသော အလွမ်း


မပြည့်စုံခဲ့သူမို့ အရာရာကိုတွေး
စားသောက်ဖို့ရေး ဘ၀ပေးကြောင့်
ချစ်သောမိဘ ခွဲခွာရပြန်
တစ်မြေစီခြား ရေမြေခြားတဲ့
တိုင်းတစ်ပါးသို့ စားဝတ်နေရေး
ဖူလုံရေးအတွက် ထွက်ခွာခဲ့ရ..

အသိုင်းအ၀ိုင်းပတ်ဝန်းကျင်
မိဘမောင်နှမ မိသားစုအိမ်ကလေး
လွမ်းဆွတ်သော်လဲ
ပြန်ခွင့်မရ မပြည့်စုံတဲ့ဘ၀မို့
ရည်မှန်းချက်တို့ ပြည့်ချင်တယ်။

ချစ်သူရည်းစား ထားဖို့မပြောနှင့်
မိဘကိုသာ ဦးစားပေး
ကျေးဇူးဆပ်ချင်လို့ ဘယ်အရာကိုမျှ
အပျော်သဘောထား စမ်းသပ်မှုလုပ်
ဖြစ်ချင်သလိုဖြစ်နေပစ်ဖို့လဲ မတွေးခဲ့ပါဘူး။

မိဘရင်ခွင် အနေဝေးလို့
ဆိုးမိုက်လေမလား မစိုးရိမ်နှင့်
ဖေဖေတို့သား ခြေလှမ်းမမှားပါဘူး
သားလိမ္မာမဖြစ်ခဲ့တောင်
သားကောင်းတစ်ယောက်တော့ ဖြစ်အောင် ကြိုးစားပါတယ်။

ဖေဖေမေမေဆီသို့ တစ်လတစ်ခါ
ငွေမရောက်ခဲ့ရင်
နားလည်ပေးပါ အဆင်မပြေမှုကြောင့်
မပို့နိုင်ခဲ့တာပါ။

မွေးရပ်မြေလွမ်း သတိရမှုတို့
ချုပ်ထိန်းမရ ပြန်ချင်လှသည်
မိဘမောင်နှမ အမိမြေကိုလွမ်းဆွတ်ရသော
ဖြေမရသော အလွမ်းများကြောင့်
တည်ငြိမ်နေသော ခြေလှမ်းတို့
မခိုင်ယိုင်လဲ ပြိုတော့မလို..

အရာရာပြည့်စုံ လိုအပ်ချက်တို့
ပြည့်စုံတဲ့တစ်နေ့
မိဘရင်ခွင်ရှိရာ ပြည်မြန်မာသို့
အပြေးတစ်ပိုင်းရောက်အောင်လှမ်းဖို့

ခုတော့ ..
အားတင်းထားဆဲ.... ကြိုးစားနေဆဲ..

လွမ်းဆုလေး

  * မပြည့်စုံသူ၏ ဖြေမရသော အလွမ်း * ကဗျာကို တတ်သမျှနှင့် ရေးသားတင်ပြလိုက်ပါသည်။ အိမ်နှင့် မိဘမောင်နှမကိုလွမ်းသော သူတိုင်း ဒီကဗျာလေးတစ်ခုက ဖြေပေးနိုင်ပါစေလို့ ဆန္ဒပြုရင်းဖြင့် အားလုံးအတွက် အဆင်ပြေပါစေ .. )
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်