အနားသတ်မလှတဲ့ ငါ့ဘ၀ ပန်းချီကားထဲ
ခရောင်းလမ်းအထပ်ထပ်နဲ့ ဆူးမွေ့ယာတို့အလယ်
သောကပန်းခင်းဆီက နာကျင်မှု ရနံ့ စူးရှရှတို့
မုန်တိုင်းနဲ့အတူ လွှင့်လာခဲ့တိုင်း
ဘယ်ဘက်ရင်တစ်ခြမ်းဆီက
တစ်စက်စက်ကျနေတဲ့ သွေးစက်တွေကို
မမြင်စေချင်ဘူး...
ဆိုးဝါးလှတဲ့ ငါ့ကမ္ဘာထဲကို
အချစ်တစ်ခုထဲကြောင့် ခြေစုံပစ်မ၀င်ဖို့
တားမြစ်ချင်ပေမယ့်
အဖြေသိနေသူတစ်ယောက်လို ငါ ..
တားဆီးနိုင်မှာ မဟုတ်ဘူး ။
ငါ့နားမှာ ထားချင်ပေမယ့် ငါ ခေါ်မထားရက်ဘူး
ငါ့အပါးမှာ ရှိနေစေချင်ပေမယ့် ငါ လက်မကမ်းရက်ဘူး
ငါ့နဲ့ထပ်တူ မခွဲမခွာရှိစေချင်လဲ ငါ မလုပ်နိုင်ခဲ့ဘူး ...
အရာရာတိုင်းမှာ နားလည်ပေးနိုင်ပေမယ့်
ငါ့အချစ်ငါ့အလွမ်းတွေကိုတော့
မင်းရဲ့နောက်ပါးတစ်ခုမှာထားရင်း
ငါ နေပါရစေလား ချစ်သူရယ်....
တိုက်ပွဲတစ်ခုမှာ မြှားကုန်နေတဲ့လူတစ်ယောက်လို
အရာရာမသေချာတဲ့ မျှော်လင့်ချက်တွေနဲ့
လမ်းမဲ့နေခဲ့တဲ့ ငါ့ဘ၀ထဲကို
နင် မလာသင့်ဘူး ချစ်သူ..
နင် မလာသင့်ဘူး ...
ခရောင်းလမ်းအထပ်ထပ်နဲ့ ဆူးမွေ့ယာတို့အလယ်
သောကပန်းခင်းဆီက နာကျင်မှု ရနံ့ စူးရှရှတို့
မုန်တိုင်းနဲ့အတူ လွှင့်လာခဲ့တိုင်း
ဘယ်ဘက်ရင်တစ်ခြမ်းဆီက
တစ်စက်စက်ကျနေတဲ့ သွေးစက်တွေကို
မမြင်စေချင်ဘူး...
ဆိုးဝါးလှတဲ့ ငါ့ကမ္ဘာထဲကို
အချစ်တစ်ခုထဲကြောင့် ခြေစုံပစ်မ၀င်ဖို့
တားမြစ်ချင်ပေမယ့်
အဖြေသိနေသူတစ်ယောက်လို ငါ ..
တားဆီးနိုင်မှာ မဟုတ်ဘူး ။
ငါ့နားမှာ ထားချင်ပေမယ့် ငါ ခေါ်မထားရက်ဘူး
ငါ့အပါးမှာ ရှိနေစေချင်ပေမယ့် ငါ လက်မကမ်းရက်ဘူး
ငါ့နဲ့ထပ်တူ မခွဲမခွာရှိစေချင်လဲ ငါ မလုပ်နိုင်ခဲ့ဘူး ...
အရာရာတိုင်းမှာ နားလည်ပေးနိုင်ပေမယ့်
ငါ့အချစ်ငါ့အလွမ်းတွေကိုတော့
မင်းရဲ့နောက်ပါးတစ်ခုမှာထားရင်း
ငါ နေပါရစေလား ချစ်သူရယ်....
တိုက်ပွဲတစ်ခုမှာ မြှားကုန်နေတဲ့လူတစ်ယောက်လို
အရာရာမသေချာတဲ့ မျှော်လင့်ချက်တွေနဲ့
လမ်းမဲ့နေခဲ့တဲ့ ငါ့ဘ၀ထဲကို
နင် မလာသင့်ဘူး ချစ်သူ..
နင် မလာသင့်ဘူး ...
0 (လွမ်းဆုလေး) :
Post a Comment