Home » » အချိန်

အချိန်

တရွေ့ရွေ့သွားနေတဲ့
နာရီသံ လက်သံတွေကို
ရူးမိုက်စွာ ဆွဲထားချင်ရဲ့
ကုန်ဆုံးနေတဲ့ အချိန်တွေကို
အစက ပြန်စလို့ရရင်
၁.. ကနေ ပြန်ရချင်ရဲ့ ။

ပြန်ယူလို့မရတော့တဲ့
ကျော်လွန်ခဲ့သမျှ
အချိန်တွေကို
အတိတ်ရယ်တင်စား
ဘ၀ရဲ့ အမှတ်တရအဖြစ်
အဝေးမှာ ကျန်ခဲ့ပြီ။

နာကျည်းစရာ ပုံရိပ်တွေက
ရေးခဲ့သမျှ သမိုင်းစာမျက်နှာမှာ
ကြေကွဲစရာအများဆုံးမို့
အရှုံးများနဲ့ ရှင်သန်ရလဲ
ကျေနပ်ပါတယ် ပြောဖို့က
ငါ့တာဝန်မဟုတ်လား ။

ကျရှုံးသူ ငါ့အတွက်တော့
နောင်လာမယ့်အချိန်တွေမှာတောင်
တချက်တချက် လက်ခနဲ ဖြစ်နေတဲ့
မျက်ရည်စတွေတောင် မြင်နေပါရဲ့။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်