Home » » (အိမ်ပြန်လမ်းမှာ .... ( နိုင်ငံခြားရောက် သူငယ်ချင်းများအတွက်) )

(အိမ်ပြန်လမ်းမှာ .... ( နိုင်ငံခြားရောက် သူငယ်ချင်းများအတွက်) )


သူငယ်ချင်းတို့ရေ...

တို့တစ်တွေက နိုင်ငံရပ်ခြား သူစိမ်းကြားသို့
ရောက်လာခဲ့တာ သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်ပေါ့...
တို့တွေကောင်းစား အေးချမ်းသွားလဲ ဒီစင်အရောက်
တင်ပို့ခဲ့သူ မိဘတွေကိုတော့ မမေ့သင့်ပါဘူး..

မရှိနွမ်းပါး ပေးရများမည် ငါရှောင်နေမှဆိုတာမျိုး
ကိုယ်လွတ်အတွက်လဲ မရုန်းသင့်ပါဘူး...
တို့တွေကောင်းစား စံစားစေဖို့ အနစ်နာခံကာ
စင့်မြင်ထက်သို့ တင်ပေးခဲ့သူတွေပါ...

ထို့အတူပဲ တို့တစ်တွေရောက်နေတဲ့နေရာ
နိုင်ငံကိုလဲ မမေ့သင့်ပါဘူး ...
နိုင်ငံခြားသား လူမျိုးခြားလို့ မခွဲခြားပဲ
တို့တွေကို အလုပ်ပေးလို့ တို့ဘ၀တွေအတွက်
ကယ်တင်ခဲ့တာ...

သူတို့တစ်တွေ နေရာမပေးခဲ့ရင် နိုင်ငံရပ်ခြား ရေမြေခြားမှာ
ခုချိန် တို့ဘ၀ ဘယ်လိုဖြစ်မှန်း မမှန်းဆရဲဘူး..
၂၀၁၁ နောက်ပိုင်းကိုတော့ မပြောလိုပါဘူး ..
ဒီအရင်နှစ်များစွာကိုသာ ဆိုချင်တာပါ ..

ဟိုးအရင်က တို့ နိုင်ငံမှာ 
စားဝတ်နေရေး အခြေနေတွေက 
ဆိုးရွားခဲ့တယ်ဆိုတာနိုင်ငံခြားကိုရောက်နေတဲ့ 
မိတ်ဆွေသူငယ်ချင်း တွေအားလုံးသိကြမှာပါ 
(အလုပ်လုပ်ရန်အတွက်နိုင်ငံခြားရောက်နေတာ့သူများသာ)

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြေကိုယ့်ရွာ
ကိုယ့်နေရာသို့ မပြန်ရခင်မှာ
တို့ ရှာထားသမျှ ချွေးနဲစာအား
မဖြုန်းမတီး စုကာဆောင်းလို့
တို့တစ်တွေရဲ့အိမ် အပြန်လမ်းမှာ
အပြုံးပန်းတို့ ဝေစေချင်တယ် ....

လွမ်းဆုလေး

(အကိုဆရာဖြစ်သော Nyan Mon (ကိုဥာဏ်မွန် နည်းပညာများ စုစည်းမှု) တောင်းဆိုထားသော *အိမ်ပြန်လမ်းမှာ .. * ဆိုတဲ့ကဗျာလေးအား တတ်သမျှ နှင့် ရေးသားတင်ပြလိုက်ပါသည်။ လိုအပ်တာများရှိပါက နားလည်ခွင့်လွှတ်ပေးပါရန်နှင့် နိုင်ငံခြားရောက် အကိုမောင်နှမတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းရင်း ...... )

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်