Home » » နွမ်းလျှက်သာ ရှိနေခဲ့ဆဲ

နွမ်းလျှက်သာ ရှိနေခဲ့ဆဲ

အတိတ်ရဲ့ အရိပ်တို့
ညညဆိုပိုင်စိုး
အိပ်မက်ထဲမှာ လွှမ်းမိုးထားလို့
အတွေးစတို့ ရပ်တန့်သွားခဲ့။

နာကျင်မှု ဝေဒနာအောက်
ငိုကြွေးခြင်း မျက်ရည်စများ
တိုးပိတ်ကာ နယ်ချဲ့ထားရင်း
ငါ့အနာဂတ်စည်းတောင် ကျော်ခဲ့ရောပေါ့။

နွေးထွေးမှု သံယောဇဉ်များ
ဟိုးအဝေးမှာ ထားခဲ့တာမို့
လိုချင်တယ် တောင့်တသော်လည်း
ဖြေဆည်မနိုင်သောကများကိုပဲ
ရင်ခွင်ပိုက်ကာပြန်ရတာကြောင့်
ခရီးပမ်းလာသူတစ်ယောက်လို
နွမ်းလျှက်သာ ရှိနေခဲ့ဆဲ.... ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်