Home » » ရင်ကွဲအလွမ်း

ရင်ကွဲအလွမ်း


မချစ်လို့ ထားခဲ့တာမဟုတ်ပါဘူး
ချစ်ရက်နဲ့ ခွဲခဲ့ရသူပါ ..

ရင်ခွင်ဟောင်းကိုမေ့
အသစ်တွေ့လို့ ပြောင်းလဲသွားတာလဲမဟုတ်ပါဘူး
မင်းကို ချစ်တဲ့ အချစ်များနဲ့
နိဂုံးချုပ်မယ့်သူပါ ..

၁ ရယ် လို့ မ စ ရသေးခင်
အဆုံးရယ်သို့ ရောက်စေခဲ့တဲ့
ရိုင်းစိုင်းတဲ့ ကံကြမ္မာတို့ကြောင့်
ငိုကြွေးခဲ့ ငါ့မျက်ရည်စတို့
ငါ့ရင်မှာ သိမ်းဆည်း
မင်းသိအောင် မပြောပြရက်ခဲ့တာပါ ...

နာကျင်မှုကို သိမ်း
ရင်တစ်ခုလုံး မီးတောင်ပမာ
ကျွမ်းလောင်ကာ တစ်စ တစ်စ
ပြာကျနေပေမယ့်
ဝေဒနာကို မျိုသိပ်
အံကြိတ်ခံရင်း
မင်းအနားပဲ ရှိနေချင်တာပါ ..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်