Home » » ငါ့ကိုယ်ငါ မုန်းတယ်

ငါ့ကိုယ်ငါ မုန်းတယ်

အရာရာတိုင်းကို
ခွင့်လွှတ်နိုင်ပြီလို့
ထင်မှတ်ခဲ့သမျှ
နင်နဲ့ပတ်သက်လာရင်
ထိန်းချုပ်မထားနိုင်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

လွတ်လပ်စွာ ပျော်ပါစေ
နေတတ်သလို နေပါစေလို့
ဆုံးဖြတ်ထားလဲ
နင့်ကိုတွေ့တိုင်း
လွတ်လပ်ခွင့်မပေးနိုင်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

နင့်အပေါ်
ထာဝရ နားလည်ပေးဖို့
ကြိုးစားနေလဲ
နားလည်မပေးနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါ မုန်းတယ် ....

နင်ပြုံးနေတာကို
မြင်ချင်ပါရက်
ဝမ်းနည်းမှုကိုသာ
ဖန်တီးပေးနေမိတဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

အကောင်းဆုံးဖြစ်အောင်
ကြိုးစားနေလျှက်
အဆိုးဆုံးသာ ဖြစ်သွားစေတတ်တဲ့
ငါ့ကိုယ်ငါ မုန်းတယ်...

နင့်ကို နာကျင်အောင်
ခံစားနေမိတဲ့
ငါ့ကိုယ်ငါ သေလောက်အောင် မုန်းတယ် .. ။

                                 လွမ်းဆုလေး

Photo: အရာရာတိုင်းကို 
ခွင့်လွှတ်နိုင်ပြီလို့ 
ထင်မှတ်ခဲ့သမျှ 
နင်နဲ့ပတ်သက်လာရင်
ထိန်းချုပ်မထားနိုင်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်...

လွတ်လပ်စွာ ပျော်ပါစေ
နေတတ်သလို နေပါစေလို့ 
ဆုံးဖြတ်ထားလဲ 
နင့်ကိုတွေ့တိုင်း
လွတ်လပ်ခွင့်မပေးနိုင်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

နင့်အပေါ် 
ထာဝရ နားလည်ပေးဖို့ 
ကြိုးစားနေလဲ 
နားလည်မပေးနိုင်ခဲ့တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ် .... 

နင်ပြုံးနေတာကို
မြင်ချင်ပါရက် 
ဝမ်းနည်းမှုကိုသာ 
ဖန်တီးပေးနေမိတဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

အကောင်းဆုံးဖြစ်အောင် 
ကြိုးစားနေလျှက်
အဆိုးဆုံးသာ ဖြစ်သွားစေတတ်တဲ့ 
ငါ့ကိုယ်ငါ မုန်းတယ်... 

နင့်ကို နာကျင်အောင် 
ခံစားစေမိတဲ့ 
ငါ့ကိုယ်ငါ သေလောက်အောင် မုန်းတယ် .. ။

                                 လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်