Home » » ကောက်စိုက်ချိန်

ကောက်စိုက်ချိန်

မိုးရေ စမ်းရေ တဖွေးဖွေးနဲ့
တောင်ကျရေ ခပ်ကြမ်းကြမ်းတို့
ခဲနေအောင် စီးဆင်းနေကြ
ကောက်စိုက်ရန် သွားသူအဖို့
ကြောက်စရာနှယ်။

လူတစ်အုပ်လုံး ညံညံစီလျှက်
ကူးခတ်ကာ ကျော်ဖြတ်ကြပေါ့
ဟိုး.. တစ်ဖက်ကမ်းဆီက
စိမ်းပြပြ တို့လယ်ကွင်းဆီ ...။

ဒီအချိန်ဆို ကောက်စိုက်ပြီပေါ့
စိမ်းညို့ညို့ တောင်တန်းတွေဝိုင်း
ညို့မှိုင်းမှိုင်း ကောင်းကင်ဆီက
တဖျောက်ဖျောက် ကျလာတဲ့ မိုးစက်တွေနဲ့
ကောက်စိုက်သမ တေးသီသံက
နားဆင်သူအဖို့ လွမ်းမော ဖွယ်ရာ။

လေတိုက်ရာ ယိမ်းပါနေခဲ့
စိမ်းလဲ့လဲ့ ပျိုးပင်ငယ်တို့
ယိမ်းသမ ကနေသလို
မြင်သူတကာ ငေး ...
ငေးလောက်ပါရဲ့။

တို့လယ်ကွင်းအလယ် အိုင်ငယ်ဆီက
လေနဲ့အတူ မွှေးရနံတို့ သယ်ဆောင်လာခဲ့
ပွင့်နေတဲ့ ကြာဖြူ နီတို့
ကောက်ပင်စိမ်းတွေနဲ့ ပနံတင့်ပေါ့
ဘယ်ပန်းချီ ရေးနိုင်ပါလဲ
မေး......မေးလိုက်ချင်ရဲ့ ။

လွမ်းဆုလေး
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)
 

Photo: ကောက်စိုက်ချိန်
****************

မိုးရေ စမ်းရေ တဖွေးဖွေးနဲ့ 
တောင်ကျရေ ခပ်ကြမ်းကြမ်းတို့ 
ခဲနေအောင် စီးဆင်းနေကြ 
ကောက်စိုက်ရန် သွားသူအဖို့ 
ကြောက်စရာနှယ်။ 

လူတစ်အုပ်လုံး ညံညံစီလျှက် 
ကူးခတ်ကာ ကျော်ဖြတ်ကြပေါ့ 
ဟိုး.. တစ်ဖက်ကမ်းဆီက 
စိမ်းပြပြ တို့လယ်ကွင်းဆီ ...။

ဒီအချိန်ဆို ကောက်စိုက်ပြီပေါ့ 
စိမ်းညို့ညို့ တောင်တန်းတွေဝိုင်း 
ညို့မှိုင်းမှိုင်း ကောင်းကင်ဆီက 
တဖျောက်ဖျောက် ကျလာတဲ့ မိုးစက်တွေနဲ့ 
ကောက်စိုက်သမ တေးသီသံက 
နားဆင်သူအဖို့ လွမ်းမော ဖွယ်ရာ။ 

လေတိုက်ရာ ယိမ်းပါနေခဲ့ 
စိမ်းလဲ့လဲ့ ပျိုးပင်ငယ်တို့ 
ယိမ်းသမ ကနေသလို 
မြင်သူတကာ ငေး ...
ငေးလောက်ပါရဲ့။

တို့လယ်ကွင်းအလယ် အိုင်ငယ်ဆီက 
လေနဲ့အတူ မွှေးရနံတို့ သယ်ဆောင်လာခဲ့ 
ပွင့်နေတဲ့ ကြာဖြူ နီတို့ 
ကောက်ပင်စိမ်းတွေနဲ့ ပနံတင့်ပေါ့ 
ဘယ်ပန်းချီ ရေးနိုင်ပါလဲ 
မေး......မေးလိုက်ချင်ရဲ့ ။

လွမ်းဆုလေး 
Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu
website - http://lwansulay.blogspot.com/
(အလွမ်းများရဲ့ဆောင်ပုဒ်)
http://lwansaung.blogspot.com/
(လွမ်းဆုလေး)

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်