Home » » ကျေအောင်ဆပ်တော့မည်။

ကျေအောင်ဆပ်တော့မည်။

အကြောင်းရှိလို့ အကျိုးဖြစ်တာလို့
မြတ်စွာဘုရား ဟောခဲ့ပေမယ့်
အကြောင်းတရားက များခဲ့တာကြောင့်
အကျိုးဆက်လဲ မသက်သာပါ။
ကိုယ်ပြုသမျှကံ  ကိုယ့်ထံသာပဲ
တစ်ခါပြန်လာမည်လို့
သတိအတန်တန်ပေးခဲ့ပေမယ့်
မရှောင်နိုင် အပြုသဘောတွေကြောင့်
ကံအသစ်ကို ထပ်လောင်းမိတယ်။
များလှတဲ့ သံသရာဝဋ်ကြွေးက
ဘ၀တစ်ခုချင်းစီက စုထားတာမို့
ပေးဆပ်အုံးဟဲ့ လို့ ပြောရင်း
ခေါင်းငုံ့ကာ ဒူးထောက်သော်လည်း
အသက်မယူပဲ သူ့ကျွန် ( မိမိပြုသော ကုသိုလ်ကံ)
ခံပေအုံးတော့လို့  
အမိန့်ချခဲ့လေရဲ့။
ထပ်မလိုချင်ပါ ဘ၀နွံအသစ်များ
အဟောင်းများလဲ မရှိချင်တော့ပါ
အကြောင်းတရားက အကျိုးတရားအတွက်
တည်ရှိကာ ဖြစ်ထွန်းတာကြောင့်
အကြောင်းမရှီလျှင် အကျိုးမဖြစ်ဘူးဆိုတာ
နှလုံးသားမှာ သိလေမှတော့
အကြောင်းတရားဖြစ်အောင်မဖန်တီးပဲ
ငြိမ်းချမ်းစွာ အနားယူဖို့
နှလုံးသားမှာ ဘုရားတည်
သတိနဲ့ အသိကို ဘေးမှာထားပြီး
သံသရာအကြွေးကို ဆပ်တော့မည်။

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်