Home » » အရှုံးဆိုတာ

အရှုံးဆိုတာ


အရှုံးဆိုတာ
ကြားရသူအတွက်
နားဝင်မချိုပေမယ့်
တကယ်ရှုံးခဲ့သူအတွက်တော့
အင်အားတစ်ခုပါပဲ ။

အထီးကျန်တယ်ဆိုတာ
ကြားရသူအတွက်
ကန့်လန့်နိင်ပေမယ့်
တကယ်အထီးကျန်သူအတွက်တော့
ကိုယ်ပိုင်ကမ္ဘာတစ်ခု ပါပဲ။

ဘယ်လောက်ပဲ ရှုံးရှုံး
အရှုံးကို အရှုံးလို့
အရှုံးလို့ ကျွန်မကိုယ်တိုင်
မသတ်မှတ်သေးသမျှ
ဘယ်တော့မှ ကျွန်မ မရှုံးပါဘူး။

ဘယ်ထိပဲ အထီးကျန်ကျန်
ကျွန်မကိုယ်တိုင် အထီးကျန်တယ်လို့
အတည်မပြုသေးသမျှ
ကျွန်မက အထီးကျန်ဆန်တဲ့သူမဟုတ်ပါဘူး။

ဘယ်အရာတွေပဲ ဖြစ်ဖြစ်
ကျွန်မကိုယ်တိုင် အမည်မပေးသေးသမျှ
သူတို့အားလုံးက ကျွန်မကို
ချုပ်ကိုင်ထားလို့မရပါဘူး။

ကျွန်မကိုယ်တိုင် ခွင့်ပြုမှ
ဖြစ်ပေါ်လာရမယ့် အရာတွေပါ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်