Home » » အချစ်ကျေးကျွန်

အချစ်ကျေးကျွန်



မာယာတွေနဲ့ 
လှည့်စားတတ်ဖို့ နေနေသာသာ
ဟန်ဆောင်ခြင်းမှာတောင် 
မကျွမ်းကျင်ခဲ့တဲ့ ငါ ..
မင်းအတွက် ဟန်ဆောင် ဖို့ဆိုတာ 
ဘယ်လိုမှ ပီပြင်မှာ မဟုတ်ဘူး ။

လိမ်ညာခြင်းကို 
သရုပ်မဆောင်တတ်ခဲ့လို့
အပြုံးစစ်ကို ပီသအောင် 
မပြသနိုင်ခဲ့တဲ့ ငါ 
မင်းအပါးမှာ ဖုံးကွယ်ထားဖို့ဆိုတာ 
ဘယ်တော့မှ မဖြစ်လာနိုင်ဘူး ။ 

အတုအယောင်တွေနဲ့ 
မင်းအနားမှာနေဖို့ 
လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ငါ 
မင်း စေနှင်ရာ နေရာသို့ 
ဘယ်လောက်ဝေးဝေး 
ငါ သွားမိမှာပါပဲ ။

ငါ့စိတ်နဲ့ငါသာ 
ငါ ပိုင်ခဲ့ပေမယ့် 
အချစ်ရဲ့ စေတမန်အောက်မှာ 
ကျေးကျွန်အဖြစ် ထမ်းရွက်ရတဲ့ငါ
မင်းအတွက်တော့ 
ထာဝရ ကျေးကျွန် ဖြစ်နေအုံးမှာပါ။ 

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်