Home » » ၃ မိနစ်မျှသာ အချိန်ပေးပါ

၃ မိနစ်မျှသာ အချိန်ပေးပါ


အဖေ လုပ်သူဟာ မနေ့ကမှ ဝယ်လာတဲ့ ကားအသစ် တစ်စီးကို ရေဆေးနေ ပါတယ်။ ထိုအချိန် ၆ နှစ်အရွယ်မျှ ရှိသေးသော သားကလေးဟာ ကျောက်ခဲ တုန်းလေးကို ကောက်ယူပြီး ကားအသစ်ရဲ့ ဘော်ဒီမှာ စကားလုံး တစ်ချို့ကို ရေးခြစ်နေပါတယ်။
သားဖြစ်သူရေးခြစ်နေတာကို အဖေလုပ်သူဟာ တွေ့တော့ အလွန်ဒေါသ ဖြစ်သွားပြီး " ဒီကောင် ငါအခုမှ ဝယ်လာတဲ့ ကား အသစ်မှာ ရေးခြစ် ရမလားဆိုပြီး " သားဖြစ်သူ၏ လက်ကို ပြင်းထန်စွာ ရိုက်လိုက်ပါတယ်။ ကလေးဟာ နာတော့ ရုန်းကန် သော်လည်း မလွှတ်တန်း ရိုက်လိုက်ပါတယ်။ အဖေလုပ်သူ ပြင်းထန်စွာ ရိုက်လိုက်တဲ့ အချိန်ကြောင့် ကလေးကို ဆေးရုံသို့ တင်လိုက်ရပါတယ်။

သို့သော် ကလေး၏ လက်တစ်ဖက် စလုံးဟာ မကောင်းတော့ပါဘူး။ သားဖြစ်သူဟာ မျက်ရေတွေနဲ့အတူ သူ့အဖေကို ကြည့်ပြီးတော့ " ဖေဖေ သားရဲ့လက်က ဘာဖြစ်တာလဲ " အဖေလုပ်သူဟာ သားဖြစ်သူရဲ့ အမေးကို ပြန်မဖြေနိုင်ခဲ့ပါဘူး။ ရုတ်တရက် အပြင်သို့ ပြေးထွက်သွားပြီး ကလေးရေးခြစ်ထားတဲ့ စာတန်းလေးကို ကြည့်လိုက်တော့ " Love You Dad " တဲ့။

နောက်တစ်နေ့ မှာတော့ အဖေလုပ်သူဟာ သူ့ကိုယ်သူ အဆုံးစီရင် သွားပါ တော့တယ်။ ဒီစာလေးကို ဖတ်ပြီး စာဖတ်ပရိတ်သတ်တို့လည်း ရင်ထဲမှ တစ်စုံတစ်ခု ရရှိသွားမယ်လို့ စာရေးသူ ထင်မိပါတယ်။ တစ်ခါတစ်လေ မိမိဒေါကြောင့် အချစ်တွေလည်း ပျောက်ကွယ်သွားတတ် ပါတယ်။ သားသမီးအပေါ် ထားတဲ့ မိဘမေတ္တာတောင် မိမိ၏ ဒေါသ စိတ်ကြောင့် ပျောက်ကွယ်သွား ပါတော့တယ်။

ဒီလိုပြဿနာတွေဟာ ယနေ့ခေတ် အတော်များများ ဖြစ်နေကြတဲ့ ကြုံဖူး တွေ့ဖူး နေကြ တဲ့ ပြဿနာတစ် ခု ဖြစ်ပါ တယ်။ ဒါကြောင့် အရာရာကို သတိတရား လက်ကိုင် ထားကာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်ပေး လိုက် ရပါတယ်။ စာဖတ်သူ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။

ရိုးရာလေးမှ ပြန်လည်မျှဝေပါသည်။

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်