Home » » အဖော်ကောင်း

အဖော်ကောင်း


ငါ မသိချင်ဘူး မင်းအကြောင်းတွေ
ငါ မလိုချင်ဘူး မင်းဖြေရှင်းချက်တွေ
ငါ မကြားချင်ဘူး မင်းပြောတာတွေ
ငါ မမြင်ချင်ဘူး မင်းစကားလုံးတွေ

ငါ့ရင်မှာ ဘယ်ထိ မျှော်လင့်ခဲ့လဲ
ငါ့နှလုံးသားမှာ ဘယ်ထိ အားကိုးခဲ့လဲ
ငါ့ဘ၀မှာ ဘယ်ထိ အရေးပါလဲ
ငါ့အနာဂတ်အတွက် ဘယ်ထိ လိုအပ်လဲဆိုတာ
မင်းမသိခဲ့ဘူး .. သိဖို့လဲ မလိုဘူး ..
မင်း ဘယ်တုန်းက ငါ့ရင်ထဲကို
ဝင်ကြည့်ခဲ့ဖူးတာ မဟုတ်ဘူး။

နာကျင်တယ် ဆိုတဲ့စကားလုံးနဲ့
မထိုက်တန်လောက်အောင် နာကျင်တယ်..
ကြေကွဲတယ် ဆိုတဲ့ စာကြောင်းထက်
အဆမတန် ကြေကွဲတယ်..
မုန်းချင်တယ် ဆိုတဲ့စကားနဲ့
ဆန့်ကျင်ဘက်ဖြစ်အောင် ငါ ချစ်နေခဲ့တယ်။

ထားပါတော့ ..
ဒါတွေက ငါ့အမှားတွေ...
ငါ မဆင်ခြင်ခဲ့လို့ဖြစ်တာတွေ..
ငါက တစ်ဖက်ဆန်လွန်းတယ် ..
အတ္တကြီးတယ် .. တစ်ကိုယ်ကောင်းဆန်ပြီး
ကိုယ့်ဘက်ပဲကြည့်တဲ့လူပါ..

တစ်ပွဲလုံးမှာ အရှုံးခဲ့ဆုံးက
ငါ ဆိုတာ တစ်လောကလုံးသိဖို့မှမလိုတာ..
ငါ ဘယ်လောက်ရှုံးရှုံး
ဘယ်သူမှ နားလည်ပေးမှာမဟုတ်ဘူး။

ငါက အမြဲတမ်း တစ်ဖက်စွန်းရောက်နေတဲ့လူ
ငါ့လို လူက အမြဲတမ်း အနိုင်ယူတတ်တဲ့လူ
ငါ ဘယ်လောက်ထိ ကောင်းတာလုပ်လုပ်
ငါ မကောင်းဘူးပဲ အထင်ခံရတဲ့လူ ..
ငါ့ဘ၀မှာ ဘယ်သူကိုမှ နားလည်ပေးပါ
သနားပေးပါ ကူညီပေးပါလို့
တောင်းဆိုမှာမဟုတ်ဘူး ။

ငါ အသဲတွေ ကြွေမတတ်
နာကျင်နေခဲ့လဲ မာန မျက်ရည်တစ်စက်နဲ့
ငါ့ကိုငါ ဒဏ်ခတ်ထားမယ် ..
ငါ့ နှလုံးသားတွေ သွေးချောင်းစီးနေလဲ
အတ္တနဲ့ သဂြိုလ်ပစ်မယ် ...
ငါ့ အနာဂတ်တွေ အမှောင်ထု လွှမ်းသွားလဲ
သင်္ခါရနဲ့ မြေမြှုပ်လိုက်မယ်။

ဘယ်တော့မှ လူတွေ နားလည်အောင်
ရှင်းပြနေမှာ မဟုတ်ဘူး..
ငါ့အတွက် အရှုံးဆိုတာက
ထာဝရ အဖော်ကောင်းမို့ပဲ ။

လွမ်းဆုလေး
Share this article :

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်