Home » » iOS အတွက် "Gmail" App ကို Google က Update အသစ်ထပ်မံ ထုတ်ပေးလိုက်ပါပြီ..

iOS အတွက် "Gmail" App ကို Google က Update အသစ်ထပ်မံ ထုတ်ပေးလိုက်ပါပြီ..


Version 3.1.4159 အဖြစ် ထွက်လာတဲ့ update မှာ အဓိကအားဖြင့် Google ရဲ့ Cloud service ဖြစ်တဲ့ Google Drive နဲ့ Gmail ကို တိုက်ရိုက် ချိပ်ဆက် အလုပ်လုပ်ဆောင်နိုင်ပြီး အခြားပြောင်းလဲမှု အချို့ကိုလည်း တွေ့ရပါတယ်..

Google Drive လို့ ခေါ်တဲ့ Cloud Storage ကို Gmail ရှိသူတိုင်း မိမိရဲ့ mail password နဲ့ပဲ ဝင်ရောက် အသုံးပြုနိုင်ပါတယ်။
Gmail SignUp လုပ်လိုက်တာနဲ့ Cloud Storage 15GB Free ရရှိပြီးသား ဖြစ်လို့ Google Drive ထဲမှာ မိမိရဲ့ Files, Photos စတာတွေကို သိမ်းထားနိုင်ပါတယ်။ လိုအပ်ရင်တော့ Cloud Storage ကို ထပ်မံ ဝယ်ယူနိုင်ပါတယ်။

ယခု update လုပ်ပေးလိုက်တဲ့ Gmail မှာ Drive ထဲမှာ သိမ်းထားတဲ့ Photos, Documents တွေကို တိုက်ရိုက် ပေးပို့နိုင်သလို မိမိထံရောက်လာတဲ့ စာနဲ့အတူ တွဲလာတဲ့ Attachment files တွေကိုလည်း Drive ထဲကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဒီနည်းလမ်းကြောင့် iDevice တွေရဲ့ Storage ကို သက်သာစေပါတယ်။



Gmail App မှာ မိမိရဲ့ Profile ပုံကို စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။ အခြား Gmail account များကိုလည်း Hide လုပ်ထားနိုင်ပြီး လိုအပ်တဲ့အခါမှာ ပြန်လည် ပြသထားနိုင်ပါတယ်။



Gmail App ကို App Store မှာ Free Download ရယူ Update လုပ်နိုင်ပါပြီ.. 

အစဉ်မပြေနိုင်ပါ။နိုင်ငံခြားဇာတ်ကားများကြည့်ချင်တယ်ဆိုရင်www.lwansaung1.comကိုသွားနိုင်လေ့
လာနိုင်ပါတယ်ဇာတ်များကိုအသစ်တင်တိုင်းကြည့်ချင်တယ်ဆိုရင်page လေးကိုသွား
ရောက်ပြီးLikeထားလိုက်ပါအသစ်တင်တိုင်း အော်တို့ ရောက်စေမှာပါ.
.အားလုံးအဆင်ပြေပါတယ်။။ 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်