သုခပေး၍ ပျော်ရွှင်ပါ



အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်း နဲ့ချောင်းတစ်ခုနား ကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည် ကိုတွေ့ပါတယ်။

ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့

"အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။အ၀တ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေချိုးနေပုံရတယ်"

အမတ်ကြီးက ပြုံးနေတယ်။
ဘုရင့်သားကပဲ

" အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အ၀တ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲ ကနေ ချောင်းကြည့်နေ ရရင် မကောင်းဘူးလား။သူတက်လာလို့ အ၀တ်တွေပျောက် သွားတာကို မြင် ရင်တော်တော်ရယ်စရာကောင်းတဲ့ရုပ်ဖြစ်နေမှာ "

အမတ်ကြီးက မင်းသားအား

"အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"

အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအား နားမလည်သလိုကြည့်၏။
အမတ်ကြီးက

"အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက် တစ်ပြားစီ ထည့်လိုက်ပါ"

မင်းသားလဲ သွားထည့်လိုက်၏။ထို့နောက် သူတို့နှစ်ဦးသစ်ပင် အကွယ်တွင်စောင့်ကြည့်နေကြသည်။ မကြာမီဆင်းရဲသားရေထဲမှပြန်တက်လာသည်။အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။

ထို့နောက် အကျီ်င်္ကို ကောက်ဝတ်လိုက်သည်။ပြီးနောက် အကျီ်အိတ်ထဲတစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။

သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ ဆင်းရဲသား ကားပျော် ရွှင်မြူးတူးနေ၏။ထို့နောက်ပြန်လှည့်အထွက် မှာ နောက်အိတ်ကပ် တစ်ခုလေးနေသည်ကို သတိထားမိ၏။

လက်နှိုက်ကြည့်ပြန်၏ ။ရွှေပြားတစ်ပြားထွက် လာပြန်၏။ ထိုအချိန်တွင် ဆင်းရဲသား က မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍

" အို အကျွနုပ်အား ဖေးမကူညီကျသော နတ်ဒေ၀ါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊သင်တို့အား အထူးကျေးဇူးတင်ပါ၏"

ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာပြန်သွားလေသည်။

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။အမတ်ကြီးကား ပြုံးနေ၏။မင်းသားက

" အမတ်ကြီးယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ"

ဟုပြော၏။အမတ်ကြီးက

"အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် " အရှင့်သားအဖို့မှတ်သားထားပါလေ"။
 
မောင်စိုင်း
Credit To: နည်းစနစ်ကျကျအတွေးအခေါ်

ကောင်းသန့် (မအီတဲ့ဒံပေါက်)

သူကြွယ်နဲ့ သူတောင်းစား

သူကြွယ်နဲ့ သူတောင်းစား ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )


ကျွန်တော် အင်္ဂလန်မှာ နေတုန်းက ထူးဆန်းတဲ့ နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါ ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ စိတ်ဝင်စား စရာဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀က အင်္ဂလန် ကို ပြန်ရောက် သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။

ဆိုင်တံခါးဝ ကောင်တာမှာ အလှူခံသေတ္တာလေး တစ်လုံးချထားတယ်။ သေတ္တာပေါ်မှာ ဆိုမားလီးယား (Somalia) အတွက်လို့ ရေးထားပြီး ဘေးမှာ မကြည့်ရက်စရာအငတ်ဘေးကြုံ နေတဲ့လူတွေရဲ့ ပိုစတာပုံ တစ်ခု ကပ်ထားတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာ ကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင် ထိုင်လိုက်တယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့ သိချင်စိတ်က နှိုးထလာတယ်။

ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်လောက်က ဒီနေရာ တစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက် (၆၀)ပြည့် မွေးနေ့မတိုင်မီ တစ်ရက်မှာ ပန်းချီဆရာတစ်ဦး ရှာပြီး သူ့အိမ်နဲ့ မိသားစု အားလုံးကို ပုံဆွဲခိုင်းစေ ခဲ့တဲ့ အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ် ခန့်ခန့်နဲ့ သားသားနားနားပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက် ခင်းပေါ်မှာ ထိုင်သူက ထိုင်၊ ရပ်သူက ရပ်၊ ကစားတဲ့သူက ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာ အတိ၊ ဆွဲထားတယ်။

မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ၀မ်းနည်းစရာ အဖြစ်တစ်ရပ် ပေါ်ခဲ့တယ်။ လယ်သမား တစ်ဦး သေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမား ဇနီးဟာ ကလေးတွေစားမဲ့ အစာထဲ အဆိပ် အရင်ခတ်ပြီး ၊ကလေးတွေ သေသွားတာကို ကြည့်ပြီးတော့မှ ကိုယ့်ကိုယ် ကို အဆုံးစီရင်လိုက်တာဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာ ထိုင်ပြီး သူတို့ကို လက်ဖြန့် တောင်းနေ တဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျှစ်လျှူရှုထားတဲ့အကြောင်း ပြောပြ တယ်။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲ ဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။

ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ငြင်း ခုန် မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကား အချို့မှာ ခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ် လို့လဲ ပြော တယ်။ မြို့ စားေ ပြာလိုက်တဲ့ စကားက ရိုးရိုးလေးပါပဲ ..

“သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။

မြို့စားရဲ့ သားစဉ်မြေးဆက် တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ် မှာ အောင်မြင် သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင် ရဲ့ ပြောပြ ချက်အရ အင်္ဂလန် မှာရှိတဲ့ မရှိ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့ စနစ်ကို မြို့စားကြီးရဲ့ မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ရှင်ပြောပြတဲ့ ရာဇ၀င်ပုံပြင်ကို နားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော် စားလိုက်တယ်။ သောက်စားပြီး ဗိုက်ဝလို့ တံခါးနားက ကောင်တာမှာ ငွေပေးချေတော့ ဆိုမားလီးယား အတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နား ထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီ ကားထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကို ပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်း စား နှစ်ယောက် ကို တွေ့လိုက်တယ်။

ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျှောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ် ။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတစ်ချို့ ကျွန်တော် ထိုးထည့်လိုက်မိတယ်။

ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ် ကို ကောင်းချီးပေးပါစေ”လို့ နှုတ်ဆက်လိုက်တယ်။

ကျွန်တော်ခြေလှမ်း လေးငါးလှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစား နှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီး ဆွဲခိုင်းခဲ့တာ မဟုတ် လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?

ရုတ်တရက် ကျွန်တော် သဘောပေါက် နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံ ပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာပဲ ဖြစ်တယ်။
--------------------------------

credit toး မူရင်း ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee) နှင့် တရုတ်ဘာသာမှ ပြန်ဆိုပေးသူ ဆရာမ နိုင်းနိုင်းစနေ

လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမ (၅) မျိုး

 
မင်္ဂလာဆောင်တယ်၊ လက်ထပ်တယ်ဆိုတာ လူတစ်ယောက်အတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတစ်ရပ် ပါ။ ဒီတော့ ဘ၀တစ်လျှောက်လုံးအတွက် မှန်ကန်တဲ့ လူတစ်ယောက် ကို ရွေး ချယ်ပြီး ပျော်ရွှင်စွာနေ ထိုင်နိုင် ဖို့အတွက်ဆိုရင် ကိုယ့် ဘက်က စဉ်းစားရမယ့် ကိစ္စတွေ အများကြီး ရှိနေပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ် သူကောင်မလေးကို ကိုယ့်ဘက်က လက်ထပ်ခွင့်တောင်းဖို့ စဉ်းစားနေပြီဆိုရင် ဒီအချက်လေးတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။
၁။သူဟာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်း၊ ငွေကြေးကြောင့် ချစ်တာဆိုရင်။
သင်ဟာ ယောင်္ကျားလေးမို့လို့ သူလိုချင်တဲ့အရာတိုင်း အမြဲတမ်း ၀ယ်ပေးခဲ့ရတယ်။ နှစ်ယောက်သွား အပြင် သွားတဲ့အချိန်၊ ချိန်းတွေ့တဲ့အချိန်တိုင်းလည်း သင်ပဲ ပိုက်ဆံအမြဲရှင်းရတယ်။ ဒါတွေက ထားလိုက်ပါတော့၊ ခု အိမ်ထောင်ကျပြီးတဲ့အခါကျပြန်ရင်လည်း ရသမျှငွေကို သူ့ကိုပဲ အပ်ရမယ်၊ သူလည်း အဲ့ဒီအချိန် အလုပ်က ထွက်ပြီး အိမ်မှာပဲနေမယ် စတာတွေကို ခုချိန်ကတည်းက ကြိုပြောလေ့ရှိတယ်။ အိမ်ထောင်ကျပြီးသွားရင် တိုက်ခန်းဝယ်တဲ့အခါ သူ့နာမည်နဲ့ ၀ယ်ပေးဖို့ သင့်ကို တတွတ်တွတ်ပြောနေမယ်ဆိုရင်တော့ ဒီလိုချစ်သူ မျိုး ဟာ ကိုယ့်ကိုဘာအတွက်ကြောင့် ချစ်တာလဲ၊ ကြိုက်တာလဲဆိုတာ ထည့်စဉ်းစားဖို့ လိုပါပြီ။
၂။ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ ညဘက်ထွက်တိုင်း ပြဿ      နာရှာတတ်တဲ့ လူမျိုးဆိုရင်။
ကိုယ့်ချစ်သူကို သ၀န်တိုတာ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်တာကို ဘယ်ကောင်မလေးကမှ လက်ခံမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တိုင်း ပြဿ      နာရှာပြီး ပွားတတ်တဲ့သူဆိုရင်လည်း ဒီလိုအခြေ အနေမျိုးက ကြာရင်  ပြဿ နာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကလည်း ခိုင်မြဲမှာ မဟုတ်ပါဘူး။
၃။သူမဆီမှာ သူငယ်ချင်းဆိုလို့ တစ်ယောက်မှကို မရှိတဲ့သူဆိုရင်။
ကိုယ့်ကောင်မလေးမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အပေါင်းအသင်းလည်း မရှိဘူးဆိုရင် ဒါဟာ တော်တော်လေး ထူးဆန်းတဲ့ ကိစ္စလို့ မထင်ဘူးလား။ ဘယ်သူမဆို တိုင်ပင်ရာ တိုင်ပင်ဖက် သူငယ် ချင်းတစ်ယောက်လောက်တော့ လူတိုင်း ရှိတတ်ကြတာပါပဲ။ အဲ့ဒီလိုတောင် မရှိဘူးဆိုရင် ကိုယ့်ချစ်သူဟာ သာမာန်မဟုတ်ဘူးဆိုတာ နားလည်ထားလိုက်တော့ပေါ့။
၎။သူနဲ့ကိုယ်နဲ့ ချစ်သူဖြစ်တာ လပိုင်းလောက်ပဲရှိသေးတာကို တွေ့တိုင်း ယူဖို့ချည်း ပြောနေပြီဆိုရင်။
သူ့အကြောင်း၊ ကိုယ့်အကြောင်း သိပ်လည်း မသိသေးဘဲ၊ လပိုင်းလောက်တွဲပြီး ယူမယ်လို့ ဆုံးဖြတ် တာမျိုး လည်း မဖြစ်သင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး သေချာလေ့လာကြဖို့ အချိန်ယူကိုယူရမှာပါ။ ဒါမှသာ တစ်ယောက် ရဲ့မိသားစုက ဘယ်လိုရှိတယ်ဆိုတာ သိလာမယ်၊ သူဘာတွေမကြိုက်ဘူး၊ ဘယ်အရာတွေ လက်မခံနိုင်ဘူး ဆိုတာတွေ သေချာသိလာမှာပါ။
၅။သင်ချည်းပဲ တစ်ဖက်သတ်ချစ်နေရတာမျိုးဆိုရင်။
သူကအယူချည်း၊ ကိုယ်ကအပေးချည်း။ ဒါ့အပြင် သင်ကချည်း တစ်ဖက်သက်ချစ်နေရပြီး သူ့ဘက်က ချစ်တယ်သာပြောတယ်၊ ကိုယ့်ကိုအရေးမပေး၊ အဖက်လည်း သိပ်မလုပ်တဲ့ မိန်းမမျိုးဆိုရင်လည်း ကိုယ့် ဘက်က အိမ်ထောင်ဖက် အဖြစ်ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမှာတွေ အများကြီးပေါ့။
Trend Myanmar

ဘ၀ရဲ့လက်တွဲဖော် ရွေးချယ်သောအခါ


လူတစ်ဦးတစ်ယောက်ကို မိမိဘ၀တစ်သက်လုံးအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သောအခါ...
မိမိတစ်ယောက်တည်း အပေါ် သိပ်ချစ်ပြီး ချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊
ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်းကောင်းခြင်း၊ယုယခြင်း ၊ ရိုးသားခြင်းလောက်နဲ့  ဘ၀ရဲ့လက် တွဲဖော်ဆိုပြီးရွေးချယ်လို့ မရနိုင်ပါဘူး။

ဘာလို့လဲဆိုတော့... လူဆိုတာမိမိသဘောကျနေတဲ့အချိန်၊မိမိသိပ်ချစ်နေတဲ့အချိန် ၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီးအရာရာခွင့်လွှတ်လုပ်ပေးတတ်ကြတာ သဘာဝဖြစ်တယ်။

ကိုယ်နဲ့ အဆင်မပြေသောတစ်နေ့ မှာ ကိုယ့်အပေါ်မှာကြမ်းတမ်းသော အပြုအမူ ၊ ရိုင်းစိုင်းသော အပြောအဆို ၊ ရက်စက်သောလုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြ တာ လောကမှာမြင်နေကြ ရမှာပါ။

သို့ကြောင့်... လူတစ်ယောက်ကိုဘ၀အတွက်တစ်သက်လုံး ရွေးချယ်သောအခါ... ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
 
●တကယ်ကိုယ်ချင်းစာတရားရှိရဲ့လား၊
●တကယ်စိတ်ကောင်းစေတနာကောင်း
●ပင်ကိုရိုးသားဖြူစင်သောစိတ်ရှိရဲ့လား၊
●စကားပြောတာဆိုတာကအစ
●ရိုးသားယဉ်ကျေးသိမ်မွေ့မှုတကယ်ရှိရဲ့လား ၊
●သဘောထားကြီးမှု ၊ နားလည်ခွင့်လွတ်တတ်မှုရှိရဲ့လား၊
●ကိုယ့်အပေါ်အရမ်းကောင်းတယ်၊သူများပေါ်မှာ ကိုယ်လောက်မကောင်းပေမယ့်
ပုံမှန်စိတ်ကောင်းစိတ်မြတ်ရှိရဲ့လား၊ဒါတွေရှိ
ရဲ့လား ဆိုတာစဉ်းစားရပါလိမ့်မယ်။

ဒီလို သူနဲ့ ဘ၀တစ်သက်လုံးလက်တွဲမှ၊ရေရှည်မှာစိတ်ချမ်းသာမှုရမှာဖြစ်တယ်။မိမိတစ်ယောက် တည်း အပေါ်ကောင်းတာလောက်နဲ့ ဘ၀မှာလက်တွဲမိရင်တော့ ဘ၀မှာပြင်လို့ မရသော“နောင်တတရားတွေ” က မိမိကိုစောင့်ကြိုနေလိမ့်မယ်။

ဒါကြောင့် ဘ၀တစ်သက်တာအတွက် လက်တွဲဖော်ကိုကိုယ့်အပေါ်ချစ်မိနေတုန်း ကောင်းခြင်းလောက်နဲ့
မရွေးချယ်ကြပါနဲ့ လို့ တိုက်တွန်းလိုက်ပါတယ်။

မေတ္တာဖြင့်。。。
-【အရှင်ဇနက - မန္တလေးစာသင်သား】
-【Young Buddhist's Association】

( အသိသက်သေ )



တစ်ခါတုန်းက ဆင်းရဲတဲ့ လယ်သမား မိသားစု ရှိတယ်တဲ့။ အဲလယ်သမားမှာ သားလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီမိသားစုနဲ့ မနီးမဝေးမှာ အတိုးပေးပြီး ငွေချေးစားတဲ့ လူကြီးတစ်ယောက်လဲ ရှိတယ်တဲ့။
တစ်နေ့တော့ အဲဒီလယ်သမား လင်မယားဟာ အတိုးချေးစားတဲ့ လူကြီးဆီ မှာ ငွေသွားချေးမိကြသတဲ့ ။ လူကြီးက လပြည့်တော့ လာတောင်းတာပေါ့ ။ အဲနေ့မှာ လယ်သမားလင်မယားဟာ အလုပ်သွားနေကြတယ် ။ အိမ်မှာ ကလေးတစ်ယောက်ပဲ ကျန်ခဲ့တယ်။
လူကြီးက ကလေးကိုမြင်မြင်ချင်း အကြွေးတောင်းတယ်။

လူကြီး ။ ကလေး မင်းမိဘတွေရော။

ကလေး ။ မရှိဘူး။

လူကြီး။ ဘယ်သွားတာလဲ ။

ကလေး ။ အဖေက ရှင်တဲ့လူကိုသတ်၊ သေတဲ့လူကို ရှင်အောင် ပြန်လုပ်တဲ့အလုပ်ကို သွားတယ်။ အမေက လေ သွားရောင်းတယ် ။

ကလေးရဲ့ အဖြေကြောင့် လူကြီး တော်တော်ခေါင်းစားသွားတယ်။ ဒါနဲ့

လူကြီး ။ ဘာပြောတာလဲ၊ ရှင်းပြပါအုံး။

ကလေး ။ ဒါဆို ဒီလိုလုပ်။

လူကြီး ။ ပြော ။

ကလေး။ ကျွန်တော် ဒီအဖြေကိုဖြေရင် ကျွန်တော်တို့ဆီက အကြွေးတွေ ကို ပေးပြီးပြီလို့မှတ်ရမယ်။ အဲလိုမှ မဟုတ်ရင်တော့ မဖြေဘူး။

လူကြီး။ အေး.. ရတယ်။ ဒါကို ဖြေရင် မင်းတို့ဆီမှာ ငါ ဘာအကြွေးမှ မရှိတော့ဘူး ။

ကလေး ။ ဒါဆို သက်သေ ရှာလိုက်အုံးမယ်။

ကလေးက ပြောပြောဆိုဆို ဟိုကြည့် ဒီကြည့်လုပ်တယ်။ အဲအချိန်မှာ အိမ်ခေါင်မိုးမှာ အိမ်မြှောင်တစ်ကောင်က စုတ်ထိုးနေတယ်တဲ့။ ဒါနဲ့ ကလေးက

ကလေး။ ဒီအိမ်မြှောင်ကို သက်သေထားမယ်။


လူကြီး ။ ရတယ်။ ကဲပြော။

ကလေး။ အဖေက ပျိုးနှုတ် ကောက်စိုက်သွားတာ ၊ အမေကတော့ ယပ်တောင် သွားရောင်းတယ်။

လူကြီး။ အော် .... ။

ဒါနဲ့ လူကြီးဟာ အိမ်ကို ပြန်သွားတယ်။ တစ်နေ့ကျတော့ ကလေးတွေ အိမ်ဆီ ရောက်ခဲ့ပြန်ရော။ အကြွေး လာတောင်းတာပေါ့။ အဲအချိန်မှာ ကလေးက

ကလေး။ ဖေဖေနဲ့ မေမေ... သားတို့ အဲလူကို အကြွေးပေးစရာမလိုတော့ဘူး၊ ကျေပြီ။

လူကြီး ။ ဟေ့ကလေး .. မဆိုင်တာမပြောနဲ့၊ နင်တို့ ငါ့ကို အကြွေးပေးရအုံးမယ်။

ကလေး။ အဲနေ့က ကျေပြီလို့ ပြောခဲ့တယ်မဟုတ်လား။ ဒီတော့ မပေးနိုင်ဘူး။

အဲလိုကလေးက ပြောတော့ လူကြီးက ဒေါသထွက်ပြိး တရားရုံးသွားတိုင်သတဲ့။ တရားသူကြီးက ကလေးတွေ မိသားစုကို ခေါ်ပြီး အမှု ရင်ဆိုင်ကြတာပေါ့။ အဲအခါ

တရားသူကြိး။ ကလေးနဲ့ ဒီလူကြီးက ပြသနာ ရှိခဲ့ဖူးတယ်လို့ပြောတယ်။

ကလေး ။ မှန်ပါတယ် တရားသူကြီး။

တရားသူကြီး ။ ကလေးက သူ့အကြွေးတွေကိုမပေးဘူးလို့လဲ ပြောပါတယ်။

ကလေး ။ ဒါက အကြွေးကျေသွားလို့ပါ တရားသူကြီးမင်း။

တရားသူကြီး။ ဘယ်လိုကျေသွားတာလဲ ။

ကလေး ။ သူ သိချင်တဲ့ မေးခွန်းကိုဖြေရင် အကြွေးတွေ ကျေမယ်လို့ ပြောပြီး ကျွန်တော် ဖြေပေးလိုက်တာပါ တရားသူကြီးမင်း။

တရားသူကြီးမင်း ။ အသိသက်သေ ရှိသလား။

ကလေး။ ရှိပါတယ် တရားသူကြီးမင်း။

အဲအချိန်မှာ လူကြီးက ထအော်သတဲ့။

လူကြီး ။ ဟေ့ကောင်လေး။ အဲနေ့က သက်သေက ဘယ်မှာလဲ။ သူ့ဘာသာနေတဲ့ အကောင်ကို ဆွဲထည့်ထားတာ.. ငါ့အကြွေးတွေ မပေးလို့မရဘူး။

ကလေး။ ခင်ဗျား အဲလိုလိမ်မယ်ဆိုတာ သိလို့ သူ အဲထိ လိုက်ခဲ့ပါတယ်။ အပေါ်ကို မော့ကြည့်လိုက်ပါ ခင်ဗျာ။

ကလေးစကားကြောင့် အားလုံး အပေါ်ကို မော့ကြည့်လိုက်ကြတယ်။ အပေါ်မှာ အိမ်မြှောင်တစ်ကောင်က စုတ်ထိုးနေတာကို မြင်ကြရတယ်။ လူတွေ နားမလည်ဖြစ်နေတုန်းမှာပဲ ကလေးက အောင်မြင်သော လေသံနဲ့

ကလေး။ ကျွန်တော်တို့ သက်သေရှာတဲ့ခါ အိမ်မြှောင်ကို သက်သေထားခဲ့ပါတယ် တရားသူကြိးမင်း။

ကလေးစကားရဲ့ အဆုံးမှာ လူကြီးဟာ ခေါင်းငိုက်စိုက်ကျသွားတယ်တဲ့။ တရားသူကြီးလဲ ကလေးနဲ့ မိသားစုကို အဲလူကြီးရဲ့ အိမ်ကို အပိုင်စားဖို့ပေးအပ်ပြီး လူကြီးကိုတော့ လယ်သမားနေရာ ပေးလိုက်သတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သူငယ်ချင်းတို့လဲ ဒီပုံပြင်ထဲက မှတ်ယူစရာ တစ်စုံ တစ်ရာ တွေ့မြင်ကြ မယ်လို့ ယုံကြည်ပါတယ်။

                                                                      လေးစားလျှက် ...
                                                                              လွမ်းဆုလေး

ဗာတီကန်စီးတီးကို ထွေးပိုက်ထားတဲ့ ရှေးပုံစံမပျက် ရောမမြို့

ရောမလူမျိုးများ၏ အင်ဂျင်နီယာ အတတ်ပညာနှင့် အနုပညာကို အကြီးကျယ်ဆုံး ဖော်ပြနိုင်သည့် ကိုလော်ဆီယံ 

Written by - ဒေါက်တာသိန်းမြင့်

ခရီးစဉ်အစ

အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပမယ့် (၆၆)ကြိမ်မြောက် ကမ္ဘာ့သတင်းစာ ညီလာခံ၊ (၂၁) ကြိမ်မြောက် ကမ္ဘာ့အယ်ဒီတာဖိုရမ်နဲ့ (၂၄)ကြိမ်မြောက် ကမ္ဘာ့ကြော်ငြာဖိုရမ် တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရပါတယ်။ ဖိတ်ကြားခံရတယ် ဆိုပေမယ့် ညီလာခံဝင်ကြေးကအစ ကုန်ကျစရိတ် အားလုံးကို ကိုယ့်စရိတ်နဲ့ကိုယ် ကျခံရမှာဖြစ်ပါတယ်။ တူရင်ကို တိုက်ကြီးများအလိုက် (INTERCONTINENTAL) ပျံသန်းတဲ့ လေယာဉ်ပျံတွေ တိုက်ရိုက်မရောက်ရှိဘဲ ရောမမြို့နဲ့ မီလန်မြို့မှ တစ်ဆင့်သာ သွားရောက်နိုင်ပါတယ်။ ကျွန်တော်ကတော့ ရောမမြို့ကို ရောက်ချင်စိတ်နဲ့ ရောမကတစ်ဆင့် တူရင်ကိုသွားရန် စီစဉ်ခဲ့ပါတယ်။

ထိုင်းမှတစ်ဆင့် ရောမအရောက် (၁၁)နာရီခန့်သွားရတဲ့ ခရီးကတော့ မသက်သာလှပါဘူး။ ကျွန်တော်ကတော့ ရုပ်ရှင်ကြည့်တာလဲ သိပ်ဝါသနာ မပါတဲ့အတွက် ipad ထဲမှာ သိမ်းထားတဲ့ မိုးမိုးအင်းလျားရဲ့ “ပျောက်သောလမ်းမှာ စမ်းတ၀ါး”၊ “မေတ္တာကမ်းနား အချစ်သစ်ပင်”၊ ဆရာမင်းသုဝဏ် ရဲ့ “လီယာမင်းကြီး” နဲ့ ပါမောက္ခ ဦးဖေမောင်တင်ရဲ့ “မြန်မာစာပေသမိုင်း” တို့ကို ဆက်တိုက်ဖတ်မိပါတယ်။

လေယာဉ်တစ်စင်းလုံးနီးပါး အိပ်မောကျပြီး လေယာဉ်သံမှလွဲရင် ဘာမှမကြားရတဲ့အချိန် စာအုပ်တွေကို မနားတမ်းဖတ်ရတာ တော်တော်အရသာ ရှိပါတယ်။ အိပ်ဖို့တောင်တကယ်ပဲ မေ့သွားတယ်။ စာဖတ်လို့ မျက်စိခဏ ညောင်းသွားတဲ့အချိန်မှာ ကိုယ်တိုင် (SELF) ဆောင်းပါးတစ်ပုဒ်ကို အပြေးအလွှား ရေးဖြစ်လိုက်ပါသေးတယ်။ ဗန်ကောက်က ည ၁၂ နာရီကျော်ထွက်တဲ့ လေယာဉ် ရောမမြို့ကိုရောက်တဲ့ အချိန်မှာ နံနက် (၆) နာရီခွဲပဲ ရှိပါသေးတယ်။ သွားရတဲ့အချိန် ကြာပေမယ့် အချိန်(၅)နာရီ အမြတ်ထွက်တဲ့အတွက် ရောမမြို့ကို စောစောစီးစီး ရောက်နေခြင်းဖြစ်ပါတယ်။ စောစောစီးစီး ဆိုပေမယ့် ရောမမြို့တစ်ခုလုံးက လင်းထိန်နေပါပြီ။ နွေရာသီရောမမြို့မှာ နေ့တာရှည်ပြီး ည(၁၀)နာရီကျော်မှာသာ နေ၀င်ကြောင်း နောက်ပိုင်းမှာ သိလာရပါတယ်။

ရောမလေဆိပ်နဲ့ ရောမမြို့

ရောမလေဆိပ်က ကြီးကျယ်ခမ်းနားမှု သိပ်မရှိပေမယ့် ကျယ်ဝန်းလှပါတယ်။ ဆိုက်ရောက်တဲ့ နေရာကနေ ထွက်ခွာမယ့်နေရာအထိ လေယာဉ်ကွင်းထဲမှာ ရထားနဲ့ ထပ်သွားရပါသေးတယ်။ လေဆိပ်ထဲရှိ တွန်းလှည်းတွေကို နှစ်ယူရိုထည့်မှသာ ယူလို့ရတဲ့အတွက် ယူရိုငွေအကြွေမပါသွားတဲ့ ကျွန်တော့်အတွက်တော့ ခရီးဆောင်အိတ်တွေကို ကိုယ်တိုင်ပဲ ယူဆောင်ခဲ့ရပါတယ်။ ထူးခြားတာက (Arrival) စာရွက်ကိုပုံစံဖြည့်တဲ့ စနစ်မရှိတဲ့အပြင် လူဝင်မှုကြီးကြပ်ရေး ဌာနကလည်း နိုင်ငံကူးလက်မှတ်ကိုသာ မှတ်တမ်းတစ်ချက် ယူလိုက်တဲ့အတွက် လွယ်လွယ်ကူကူ လေဆိပ်အပြင် ရောက်ခဲ့ပါတယ်။
 

  ရောမလေဆိပ်အထွက် မြင်ကွင်းက တချို့နိုင်ငံတွေမှာလို ပန်းပင်တွေ စိုက်မထားလို့ မလှပဟု ဆိုနိုင်သော်လည်း သန့်ရှင်းသပ်ရပ်မှုကတော့ နှစ်လိုဖွယ် ဖြစ်ပါတယ်။ အထပ်မြင့်တိုက်များ မမြင်ရသလောက်ပါပဲ။ တိုက်အားလုံးနီးပါးကို ရှေးဟောင်း အဆောက်အအုံတွေထက် ကျော်လွန်မှုမရှိစေလိုတဲ့ သဘောနဲ့ လေးထပ် ငါးထပ်သာ ဆောက်ခွင့်ပြုထားကြောင်း မြို့ထဲရောက်တဲ့အခါ တွေ့ရပါတယ်။ အထပ်အမြင့်တိုက်တွေကို သီးသန့်နေရာပေးပြီး မြို့ဟောင်းနဲ့ ခပ်လှမ်းလှမ်းမှာ ဆောက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ ရန်ကုန်မှာလည်း တစ်မိုင်ဝန်းကျင်မှာ အထပ်မြင့်မဆောက်ရဆိုပြီး စည်းမျဉ်းတွေ ထုတ်ထားပေမယ့် တင်းတင်းကျပ်ကျပ် တိတိကျကျ လုပ်ဆောင်သင့်ပါတယ်။ တစ်မိုင်ဆိုတာကလည်း နည်းလွန်းပါတယ်။ ရွှေတိဂုံဝန်းကျင်မှာ အထပ်မြင့်တိုက်တွေ အလျှိုအလျှိုပေါ်လာလို့ “ရွှေတိဂုံကိုမြင်ရင်” သီချင်းတော့ ပြန်ပြင်ရတော့မယ်ထင်တယ်။

အင်တာနက်အားကိုးနဲ့ မိမိတို့ရောက်နေတဲ့နေရာ၊ သွားရမယ့် နေရာတွေကို လေ့လာပါတယ်။ ကိုလော်ဆီယံ (Colosseum) နဲ့ ဗာတီကန်စီးတီး (Vatican City) ကိုတော့ မဖြစ်မနေသွားမယ်လို့ စဉ်းစားထားပါတယ်။ တည်းတဲ့နေရာက မြေပုံလေးပေးလိုက်ပြီး ဘယ်နေရာဘယ်လို သွားမယ်ဆိုတာ အကြမ်းညွှန်ပြလိုက်လို့ အတော်အဆင်ပြေ သွားပါတယ်။ အနီးဆုံးမြေအောက် ဘူတာရုံကို အရင်ရှာပါတယ်။ (၁၀)မိနစ်လောက် လျှောက်ပြီးတဲ့အခါ မြေအောက်ဘူတာရုံကို ရောက်ပါတယ်။ တစ်ယူရိုခွဲ လက်မှတ်ဖြတ်ထားရင် မြေအောက်ရထား၊ ဓာတ်ရထားတို့ကို တစ်နေကုန်ကြိုက်သလို စီးလို့ရပါတယ်။

ကိုလော်ဆီယံ

ကိုလော်ဆီယံကို ပထမဆုံး လွယ်လွယ်ကူကူပဲ ရောက်ရှိသွားပါတယ်။ ခရီးသွားတွေပါးတဲ့ ရာသီဖြစ်လို့ တန်းစီတဲ့အတန်း တိုတာကြောင့် အထဲကို မြန်မြန်ဝင်ရောက် ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ပါတယ်။ ကိုလော်ဆီယံ ဆိုတာက ဘဲဥပုံသဏ္ဌာန်ရှိ အမိုးမပါတဲ့ ပွဲကြည့်စင်အ၀ိုင်းကြီးဖြစ်ပြီး ကွန်ကရစ် ကျောက်တုံးများနဲ့ တည်ဆောက်ထားပါတယ်။ ရောမလူမျိုးများရဲ့ အင်ဂျင်နီယာ အတတ်ပညာနဲ့ အနုပညာကို အကြီးဆုံး ဖော်ပြနိုင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ၎င်းကို ရောမဘုရင် ဗက်စ်ပါရှမ်က အေဒီ (၇၀) မှာတည်ဆောက်ခဲ့ပြီး သူ့ကိုဆက်ခံသူ တီတက်လက်ထက် အေဒီ(၈၀)မှာ ပြီးဆုံးခဲ့ပါတယ်။ ပွဲကြည့်ပရိသတ် (၅၀၀၀၀) မှ (၈၀၀၀၀) အထိ ဆံ့တဲ့အတွက် ရောမအင်ပါယာခေတ်က အကြီးဆုံးပွဲကြည့်စင်ကြီး ဖြစ်ခဲ့သလို ကမ္ဘာပေါ်ရှိ ပွဲကြည့်စင်များတွင် အကြီးဆုံးပွဲကြည့်စင် ဖြစ်ပါတယ်။

၎င်းနေရာမှာ လူနဲ့ ခြင်္သေ့အပါအ၀င် တိရစ္ဆာန်များနဲ့ သတ်ပွဲများ၊ လူအချင်းချင်း စီးချင်းထိုးသတ်ပွဲများ၊ လူအများအဖွဲ့လိုက် သတ်ပွဲများ အပါအ၀င် သတ်ပွဲပေါင်းများစွာ ကျင်းပပြီး ဘုရင်အပါအ၀င် ပရိသတ်ပေါင်း များစွာက အရသာခံကြည့်ရှု ကြပါတယ်။ ရက်ပေါင်း(၁၀၀)အတွင်း ပြုလုပ်သော သတ်ဖြတ်ပွဲများအတွက် တိရစ္ဆာန်အရိုင်း (၉၀၀၀) ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။ ရောမလူမျိုးတွေ အနေနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်အောင်မြင်စေဖို့ ရည်ရွယ်ချက်နဲ့ အခုကဲ့သို့ စစ်ပွဲပုံသဏ္ဌာန် တိုက်ခိုက်သတ်ဖြတ်မှုများကို လေ့ကျင့်မွေးမြူခြင်းဖြစ်ကြောင်း ရှင်းလင်းချက်တချို့မှာ တွေ့ရပါတယ်။

အင်ပါယာကွန်စတင်း လက်ထက်မှာ ဂလက်ဒီယေတာပုံစံ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ရောမတို့ဟာ ဓလေ့ထုံးစံဖြစ်နေတဲ့ သတ်ပွဲတွေကို စွန့်လွှတ်ချင်စိတ် မရှိခဲ့ကြပါဘူး။ (၅) ရာစုအစပိုင်းမှာ ဘုန်းတော်ကြီး တယ်လီမာချူးက ဂလက်ဒီယေတာ သတ်ပွဲအတွင်း ကြားခံဝင်ရောက် ထိန်းသိမ်းဟန့်တားခဲ့ပြီး ပွဲကြည့်ပရိသတ်တွေနဲ့ ပြဿနာဖြစ်ရာမှ အစပြု၍ အဲဒီလို သတ်ပွဲများ လုံးဝရပ်ဆိုင်းခဲ့ရတယ်။

ဘဲဥပုံသဏ္ဌာန်ရှိတဲ့ ကိုလော်ဆီယံဟာ အကျယ်ဆုံးနေရာမှာ (၁၈၇)မီတာနဲ့ အကျဉ်း ဆုံးနေရာမှာ (၁၅၅) မီတာရှိပြီး မီတာ(၅၀)မြင့်ပါတယ်။ ၎င်းကို ကွန်ကရစ် ကျောက်တုံးများနဲ့ တည်ဆောက်ထားတဲ့အတွက် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော်လည်း ခရစ်နှစ်(၄၄၂ နှင့် ၅၀၈)တွင် လှုပ်ခဲ့သော မြေငလျင်များကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ ရောမအင်ပါယာလည်း အဆုံးသတ်ခဲ့ပါတယ်။ ဂလက်ဒီယေတာ သတ်ပွဲများကျင်းပတဲ့ နေရာကို ပုံမှန်ကြည့်လျှင် သာမန်မြေပြင်ဟု ထင်ရသော်လည်း အောက်ပိုင်းမှာ အခန်းအကန့်ပေါင်း မြောက်မြားစွာ ရှိကြောင်းလည်း ယခုတွေ့ရတဲ့ အပျက်အစီးပုံတွေအရ သိရသည်။

ကိုလော်ဆီယံကနေ စိတ်မသက်သာစွာ ပြန်ခဲ့ပြီးနောက် မစားဖူးသေးတဲ့ ပီဇာကို နံနက်စာအဖြစ် စားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အီတလီပီဇာက ကမ္ဘာမှာ နာမည်ကြီးပေမယ့် ကျွန်တော်တို့တွေ မြန်မာပါးစပ်နဲ့တော့ ခံတွင်းမတွေ့၊ အာသာမပြေလှပါဘူး။ အဲဒါကြောင့် အသီးတွေနဲ့ ဒိန်ချဉ်ကိုပဲစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသီးမျိုးစုံက တော်တော် ပေါပါတယ်။ လတ်လည်းလတ်ပြီး အလုံးလည်းကြီးတယ်။ အရသာကောင်းပြီး သြဇာဓာတ်လေးနက်တယ်။ ရန်ကုန်မှာအရမ်းရှားတဲ့ ချယ်ရီသီးဆို တစ်ကီလိုကို မြန်မာငွေ (၄၀၀၀) လောက်ပဲကျတယ်။

ဗာတီကန်စီးတီး

နေ့လယ်ပိုင်းမှာ မြေပုံကိုကြည့်ပြီး ဗာတီကန်စီးတီးကို သွားခဲ့ပါတယ်။ ဗာတီကန်စီးတီးဟာ (၁၉၂၉)ခုနှစ်မှာ အီတလီနိုင်ငံက ခွဲထွက်ပြီး ပုပ်ရဟန်းမင်း အဆက်အဆက် အုပ်ချုပ်ခဲ့တဲ့ ရောမမြို့အတွင်းရှိ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အကျယ်အ၀န်းမှာ (၁၁၀) ဧကရှိပြီး လူဦးရေ စုစုပေါင်း (၈၄၀) ခန့်ရှိပါတယ်။ ဗာတီကန်ကို ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ ညနေစောင်းနေပါပြီ။ မြေအောက်ရထားဘူတာမှ လမ်းလျှောက်သွားရင် (၁၅) မိနစ်ခန့်အကြာမှာ ရောက်ပါတယ်။ သွားတဲ့သူ၊ ပြန်တဲ့သူ၊ အထိမ်းအမှတ်ပစ္စည်း ရောင်းတဲ့သူတွေနဲ့ ဗာတီကန်သွားတဲ့ လမ်းတစ်လျှောက်မှာ လူတွေနဲ့ပြည့်နှက်လျက် ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားဖူးပရိသတ်တွေကို ထွက်တွေ့တဲ့နေရာအထိ ကျွန်တော်တို့ ရောက်ခဲ့ပေမယ့် ရှည်လျားလှတဲ့ တန်းစီသူတွေကြောင့် ပြတိုက်ထဲတော့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ ရောက်ဖူးအောင် သွားသင့်တဲ့နေရာတစ်ခုကို ရောက်သွားတာကိုပဲ ကျေနပ်လှပါတယ်။ ဒါပေမဲ့ ခရစ်ယာန် ဘာသာဝင်တွေ အတွက်တော့ အခြေအနေပေးပါက မဖြစ်မနေသွားသင့်တဲ့နေရာလို့ မှတ်ယူပါတယ်။ ရောမမြို့ဟာ ခရစ်ယာန်ဘုရားကျောင်း (၉၀၀) ကျော်ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ဘုရားရှိခိုးကျောင်း အများဆုံးရှိတဲ့မြို့လို့ ဆိုရမှာဖြစ်ပါတယ်။ အများစုဟာ ကက်သလစ်ဘုရားကျောင်း တွေဖြစ်ပြီး ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားပါတယ်။

ဗာတီကန်က အပြန်လမ်းမှာတွေ့ရတဲ့ ATM ငွေစက်တစ်လုံးမှာ MAB ဘဏ်ရဲ့ ခရက်ဒစ်ကတ်သုံးပြီး ယူရို ၁၀၀ စမ်းထုတ်ကြည့်ရာ အဆင်ပြေပါတယ်။ လက်ကျန်ငွေ စစ်ကြည့်ရာမှာလည်း ယူရိုနဲ့ စာရင်းထွက်ပါတယ်။ ဥရောပသွားတဲ့သူတွေ ခါးပိုက်နှိုက်ခံနေရကြောင်း မကြာခဏ ကြားနေရပါတယ်။ ငွေတွေအများကြီး သယ်သွားစရာ မလိုဘဲ မြန်မာဘဏ်တွေက ခရီးသွားကတ်တွေဟာ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။

ရောမမြို့နဲ့ ဂျူလီယက်ဆီဇာ

၁၀၀ ဘီစီမှာ မွေးခဲ့တဲ့ ဂျူလီယက်ဆီဇာဟာ ရောမဗိုလ်ချုပ်၊ နိုင်ငံခေါင်းဆောင်၊ တရားသူကြီးချုပ်နဲ့ လက်တင်ဘာသာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ စစ်တိုက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အသက် ၅၆ (၄၄ ဘီစီ) အရွယ်မှာ လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။ သူဟာ စစ်ဗိုလ်ချုပ်မှ အာဏာရှင် ဖြစ်လာသူဖြစ်ပြီး ရှိတ်စပီးယား ပြဇာတ်ကြောင့် နာမည်ကျော်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘီစီ ၄၆ မှာ တည်ဆောက်ခဲ့တဲ့ “ဖိုရမ်အော့ဖ်ဂျူလီယက်ဆီဇာ” အဆောက်အဦအကြွင်းအကျန် ကျောက်တိုင် အကျိုးအပဲ့တွေကိုသာ တွေ့ရှိရပါတယ်။

ကျွန်တော့်ရဲ့ ညနေစာကိုတော့ ပေါင်မုန့်တစ်လုံး၊ ကပူချီနိုကော်ဖီတစ်ခွက်၊ သစ်သီးစုံနဲ့ အဆုံးသတ်လိုက်တယ်။ fruit dinner ဖြစ်သွားတာပေါ့။ တစ်ယူရိုပေးရတဲ့ ကပူချီနိုကတော့ အရသာရော၊ အနံ့ရော အရမ်းကောင်းပါတယ်။ ရာဇ၀င်မှာ ROMANTIC စကားလုံးတွင်အောင် ထင်ရှားကျော်ကြားခဲ့တဲ့ ရောမမြို့ကြီးဟာ အခုထိလည်း ခမ်းနားကြီးကျယ် နေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ လည်ပတ်မှုအများဆုံး နေရာများအနက် တစ်ခုအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ “ရောမကိုရောက်ရင် ရောမလို ကျင့်ရမယ်” ဆိုတဲ့ မြန်မာတွေရဲ့ ဆိုရိုးစကား ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ရောမကို ရောက်ခဲ့ပေမယ့် ရောမသားတွေလို ကျင့်ဖို့ခက်ခဲခဲ့ပါတယ်။



https://www.facebook.com/photo.php?fbid=698479770189649&set=a.21132910557138

မကောင်းမှု၏ရလာဘ်



ဒီဖြစ်စဉ်ဟာ ဟင်္သာတမြို့နယ်မှာ တစ်ကယ်ဖြစ်ပွားခဲ့တာပါ။ ဒါကို လိုက်အတုမယူဖို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့.....

တစ်နေ့ ကျွန်တော်တာဝန်ကျရာ အိမ်မဲမြို့ရေးမှာ အနားယူနေတုန်း အိမ်ရှေ့ကို သူဖုန်းစားအမ်ျုးသမီးတစ်ဦး ရောက်ရှိလာပါတယ်။ ကျွန်တော်လည်း ထမင်းထုပ်လေးသွားပေးတော့ လားလားကျွန်တော်နဲ့ရင်းနှီးဖူးတဲ့ စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝတုတ်ပါလား။ ဒေါ်ဝတုတ် ကျုပ်ကိုမှတ်မိသေးလား မေးတော့ သူကအသေအချာကြည့်ပါတယ်။ပြီးတော့ ခေါင်းခါတယ်။ သူမမမှတ်မိပါ။
သူမတော်တော်လေးအိုမင်းသွားပါပြီ။ မျက်နှာတစ်ခြမ်းမှာ မီးလောင်ဒဏ်ရာလို အမာရွတ်နှင့်အတူ မျက်လုံးပါကန်းနေပါတယ်။တစ်ဖက်ကတော့ ၀ါးနေပါတယ်။ အ၀တ်အစားက ကြေးအထပ်ထပ်နှင့်ဟောင်းနွမ်းနေပြီး တစ်ခါကစတိုးဆိုင်ပိုင်ရှင်ကြီး ဆိုလျှင်သံသယရှိပေမည်။

ကျွန်တောလေ အရီးရဲ့။ ဟင်္သာတမှာ နေတုန်းက ဘေးအိမ်ကဖိုးသားလေ ဆိုတော့ အတန်ကြာ စဉ်းစားပြီး မျက်ရည်ဝဲလာတယ်။ ကျွန်တော်လည်း သူမကိုတွဲပေးရင်း ခြံထဲမှာ နားစေပါတယ်။ ဒေါ်ဝတုတ်ရယ် ဘယ်လိုဖြစ်တာလည်းဗျာ ဆိုတော့ သူမအဝေးကို ငေးရင်း......
ဟင်္သာတနယ်မှာ ၁၉၉၈ခုနှစ်လောက်က. ..ရပ်ကွက်မှာ ဒေါ်ဝတုတ်စတိုးဆိုရင် မသိသူမရှိပါဘူး။ ပြိုင်ဘက်ကင်းမို့ ဈေးလည်းကြီးပါတယ်။ သူကအတိုးလည်း ပေးစားပါတယ်။ ဒါကြောင့် ရပ်ကွက်မှာ တော်တော်လေး သြဇာညောင်းပါတယ်။ သူ့အကြွေးမှမကင်းကြကိုး။ အစကတော့ ကောင်းရောင်းကောင်းဝယ်ပါ။ ကြာတော့ သူလည်းလောဘတက်လာပြီး အရင်းရှင်ဆန်လာပါတယ်။ အတိုးမပေးနိုင်သူဆိုရင် ကျွဲနွားတွေသိမ်းပြီး ကုလားတွေကိုပြန်ရောင်းစားပါတယ်။ သူကျိုးပေးမို့လေလားမသိပါ သူမစီးပွားရေးတော်တော်အဆင်ပြေပါတယ်။
တစ်ခါတော့ သူမရဲ့မျက်စောင်းထိုးမှာ စတိုးဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။ ဈေးနှုန်းလည်းသက်သာပြီးဆက်ဆံရေးပြေပြစ်ပါတယ်။ အကြွေးကိုလည်း အရစ်ကျဆပ်နိုင်တာမို့ အချိန်တိုအတွင်း ရောင်းအားတက်လာပါတယ်။ ဒေါ်ဝတုတ်ဆိုင်ကတော့ ရောင်းအားကျပေမယ့် နယ်ဝယ်လက်တွေအစိုးရထားတော့ ပုံမှန်ရောင်းဝယ်နိုင်ပါတယ်။ကြာတော့လည်း သူမကမနာလို စိတ်များလာပါတယ်။ ဒီတော့ မကြံအပ်တာကြံပါတော့တယ်။


အောက်လမ်းဆရာ အကြံပေးချက်အတိုင်း တစ်ခုသောညရဲ့ လမိုက်ညသန်းခေါင်ယံမှာ ဒေါ်ဝတုတ်တစ်ယောက် ပြိုင်ဘက်စတိုးဆိုင်ရှေ့ရောက်နေပါတယ်။ သူမတစ်ယောက်တည်းပါ။ ခွေးတွေလည်း အူနေပါတယ်။ အချိန်ရောက်တော့ သူမအိပ်ျသးထဲက သဲတဆုပ်ယူပြီး တိုင်တည်လိုက်ပါတယ်။ ထိုသဲကား သင်္ချိင်းမြေမှ စီရင်ထားသောသဲ။ိ အသင်မကောင်းဆိုးဝါးနာနာဘ၀များ ဒီအိမ်ကြီးအား နှောင့်ယှက်ကြလေလော့။ သင်တို့စိတ်ကြိုက် ပြုမူကြလေလော့။ စီးပွားကျအောင်နှောင့်ယှက်ကြလေလော့။ ကျွနုပ်၏ လက်ထဲကိုင်ထားသော မဟာပထ၀ီမြေကြီး သဲအစုစုအားသက်သေထားလျက် နောင်ဘ၀အဆက်ဆက် ဒီအကုသိုလ်ကံကို ဒီသဲီပမာဏရှိသော အဆအတိုင်းခံယူပါမည်ဟု ကျွန်ုပ်သက်သေပြုပါသည် ဆိုလျက် အသက်အောင့်ပြီး ဆိုင်ရှေ့ဝယ် လက်နောက်ပြန် ကျောခိုင်းပြီး သဲတဆုပ်ကို ကြဲလိုက်သည်။ ညသည် တိတ်ဆိတ်လျက်။

မကြာပါ အဆိုပါပြိုင်ဘက်ဆိုင်သည် စီးပွာဒကျပြီး ပိတ်သိမ်းကာပြောင်းသွားရလေသည်။ အိမ်ပိုင်အဆက်ဆက် ဒုက္ခရောက်ရလေသောကြောင့် ထိုအိမ်ကို ဘယ်သူမှမ၀ယ်ရဲပဲ သောင်တင်နေတော့သည်။ ဒေါ်ဝတုတ်ကြီးကတော့ တပြုံးပြုံး။ သူမကားပြိုင်ဘက်ကင်းမဲလေပြီ။
ဝဋ်သည် လည်စမြဲ။

သူမတိုင်တည်ထားသည့်အတိုင်း နောင်ဘ၀တောင်မကူးပေ။ ငွေချမ်းသာလာတော့ ယောကျားက ဖောက်ပြန်ပြီး နောက်မိန်းမနှင့် အိမ်ကရွှေတွေယူကာ အစပျောက်သွားသည်။ သားသမီးများမှာလည်း မကောင်းသူများနှင့်ညားကာ စိတ်ဒုက္ခရောက်လေသည်။ တစ်ခုသော ည၀ယ်သူမ၏ ဆိုင်မှမီးစလောင်လေရာ သူမ၏စတိုင်းဆိုင်မှာ ပြာပုံအတိပြီးလေတော့သည်။ သူမလည်း ထောင်ကျလေသည်။ ပြီးတော့ မီးလောင်ဒဏ်ရာဖြင့် မျက်စိကွယ်ခဲ့သည်။


ထောင်ကထွက်တော့ ပိုင်ဆိုင်မှုရယ်လို့ ဘာမှမရှိ
တစ်ခါက သူဌေးမကြီး ခုတော့အမှိုက်ပုံတကာ လမ်းတကာ ဘုန်းကြီးကျောင်းတကာ ရှာဖွေစားသောက်ရင်း အိမ်မဲကိုရောက်လာခဲ့သည်။ သူမခဗျာ မျက်ရည်ဝဲလျက်။
ကျွန်တော်လည်း ဇနီး၏ အ၀တ်တစ်စုံကို လက်ဆောင်ပေးရင်း နောင်အစားအစာလိုလည်း လိုသလိုလာယူပါဟုမှာလိုက်လေသည်။ သူမကားတောင်ဝှေးတစ်ချောင်းဖြင့် နားခိုရာ ဘုန်းကြီးကျောင်းသို့ ပြန်သွားလေသည်။

တစ်ခုသောညနေ၀ယ် ဆရာAccident caseနဲ့ Dedbody ရောက်နေပါတယ်။ ရဲတွေပါ ပါတယ်ဆရာ။ဆိုတော့ ဆေးရုံလိုက်သွားသည်။ ရဲအုပ်ဖြေတော့ အဖွားအိုတစ်ဦး မမြင်မစန်းလမ်းဖြတ်ကူးရင်း ကားတိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားသည် ဆိုသောကြောင့်ဆေးရုံလာပို့ရကြောင်း ပြောလေသည်။ အလောင်းကို ကြည့်လိုက်ရာ ဒေါ်ဝတုတ်။ ကျွန်တော်တွေဝေသွားသည်။ တစ်ချိန်က ကျိကျိတက်ချမ်းသာခဲ့သောဒေါ်ဝတုတ်ခဗျာ သူမ၏ မကောင်းမှုကျိန်စာကြောင့် မရှုမလှဘ၀ကူးရလေသည်။ို့ပြင်နောင်သံသရာဘ၀အဆက်ဆက် သဲဆုပ်မျှသော ဘ၀ပေါင်းများစွာ ခံရပေတော့မည်။ သြော်လူသားတွေရဲ့ လောဘမနာလိုစိတ်ကားကြောက်ဖို့ကောင်းလေစွ။ ။

ဖြစ်ရပ်မှန်အား နာမည်လွှဲပြီး ကာယကံရှင်အား ငဲ့ကွက်သောအားဖြင့် ပြန်လည်ရေးသားထားပါသည်။


လေးစားလျက်.....Dr.မင်းလုလင်

“သာဓု ၃-မျိုး”



သာဓုခေါ်တယ်ဆိုတာ အမျိုးအစားအားဖြင့် သုံးမျိုးရှိတယ်။အဲဒါတွေကတော့-
၁။ သာဓု နောက်လိုက်
၂။ သာဓု ဘိန်းစား
၃။ သာဓု အ၀စား-တို့ပဲ ဖြစ်တယ်-ဟု မိန့်တော်မူကာ
သာဓု သုံးမျိုးကို ဆက်လက် ရှင်းပြတော်မူသည်။

၁။ “သာဓု နောက်လိုက်”
•••••••••••••••••••••••••••••••••
တချို့က သာဓုခေါ်တယ်ဆိုတာ ဘာမှ အားစိုက်ရတာမဟုတ်ဘဲနဲ့ ယုံယုံကြည်ကြည် လေးလေးစားစားကို မခေါ်ချင်ကြဘူး။သာဓုခေါ်ခြင်းရဲ့အကျိုးကိုလဲ သိပုံ မပေါ်ဘူး။စိတ်မပါ့ တပါနဲ့ သူများတွေက ခေါ်တဲ့နောက် လိုက်ပြီး သာဓုခေါ်လိုက်တာပဲ၊ ဘာရယ် ညာရယ် မဟုတ်ဘူး။သူများတွေ ယောင်လို့ လိုက်ယောင်သလို ဖြစ်နေတယ်။အဲဒီလို ရောယောင်ပြီး ခေါ်တဲ့ သာဓုမျိုးဟာ သာဓု-နောက်လိုက်လို့ ခေါ်တယ်။အကျိုးကျေးဇူး မများလှဘူး၊ သာဓု-နောက်လိုက် မဖြစ်အောင်လဲ
ကြိုးစားပြီး သာဓုခေါ်ကြပါ။

၂။ “သာဓု ဘိန်းစား”
••••••••••••••••••••••••
တချို့ကျပြန်တော့လဲ ပါးစပ်ကလေးလှုပ်ရုံမျှသာ သာဓုခေါ်ကြတယ်။တက်တက်ကြွကြွကို မရှိဘူး၊ ၀တ်ကျေ တန်းကျေလောက်ပဲ သဘောထားနေပုံရတယ်၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကို
အထင်သေးနေကြသလား မသိဘူး၊ အထင်မသေးရဘူး။တကမ္ဘာတိုင်တိုင်တောင် အပါယ်ကလွတ်နိုင်တဲ့ အကျိုးကို ခံစားရတယ်။စိတ်မပါဘဲ အဲဒီလို ပါးစပ်ကလေး လှုပ်ရုံသာ သာဓု ခေါ်ခြင်းမျိုးဟာ
အဲဒါ “သာဓုဘိန်းစား”-လို့ ခေါ်တယ်၊ အဲဒါလဲ အကျိုး မများလှပြန်ဘူး။

၃။ “သာဓု အ၀စား”
••••••••••••••••••••••••

နောက်တမျိုးက သာဓုအ၀စားပဲ၊ သာဓုခေါ်ခြင်းရဲ့အကျိုးကို ပြည့်ပြည်၀၀ ခံစားလိုကြရင် စိတ်ပါလက်ပါ ၊
အားပါးတရ သာဓုခေါ်ကြဖို့ လိုတယ်။အဲဒီလို အားရ ပါးရ ခေါ်တဲ့ သာဓုမျိုးကျတော့
အကျိုးပြည့်ပြည့်၀၀ ရရှိခံစားရမှာမို့ အဲဒါ “သာဓု အ၀စား” လို့ခေါ်တယ်၊

သာဓုသုံးမျိုးဟာ ခေါ်တဲ့ပုဂ္ဂိုလ်တွေမှာ ပယောဂတူကြပေမယ်လို့ စေတနာကွာခြားမှုအရ အကျိုးပေးတဲ့အခါမှာလည်းကွာခြားတယ်ဆိုတာ နားလည်သဘောပေါက်ထားကြဖို့ လိုပါတယ်။
 
ရေစက်ချ အမျှဝေတိုင်း သာဓုခေါ်တဲ့အခါ သာဓုအ၀စားနဲ့ အမျှဝေ သာဓုခေါ်ကြဖို့ လိုတယ်။သာဓုခေါ်တဲ့အခါမှာ စိတ်ပါလက်ပါ အားပါးတရ ခေါ်ကြဖို့ ပြောလိုတယ်၊
အကျိုးပြည့်ပြည့်၀၀ ရချင်ကြရင် သာဓုအ၀စားနဲ့ သာဓုခေါ်ကြပါလို့ မှာလိုတယ်-ဟူ၍ သတိပေး ဟောကြားတော်မူခဲ့ပါသည်။

-【မဲဘောင်ဆရာတော်】

အမျိုးသမီးတွေရဲ့ တန်ဖိုး



(ဒီစာကလေးက အမျိုးသမီးတွေရဲ့ တန်ဖိုးကို ညွှန်းဆိုထားသလားဘဲသိပ်ကောင်းတဲ့ အတွေးလေးပါ )
မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။
 

တစ်ခါတစ်ရံ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ဆီမှာတွေ့ရတတ်တယ်လေ ...
 

ဥပမာအားဖြင့် ...ပိုးဟက်လောက်ကို သေမလောက် ကြောက်တတ်ကြပေမယ့်...
ကျားမကြောက်တဲ့ ယောက်ျား တစ်ယောက်လောက်ကို အသာလေး ကိုင်လှုပ်နိုင်တယ် ...။
အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်...


ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် ...။
တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်...
တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့
ယောက်ျားရင့်မာကြီးတွေအတွက် အားအင် ဖြစ်စေပြန်တယ် ...။

 

နှုတ်ခမ်းပါးနောက်က လျှာဖျားလေးက ၂ ကျပ်သားလောက်သာ ရှိပေမယ့်...
လက်ဝှေ့ချံပီယံ တစ်ယောက်လောက်တော့ သာသာလေး အလဲထိုးနိုင်ပြန်တယ် ...။
ကြောက်စိတ်ကြောင့် အရာတော်တော်များများမှာ တွေဝေနေတတ်ကြပေမယ့်...
ဆုံးဖြတ်ပြီးရင်တော့ ရဲရင့်ပါတယ်ဆိုတဲ့
ယောက်ျားတွေထက် စိတ်ဓါတ်ခိုင်မာနေတတ်ပြန်တယ် ...။
များသောအားဖြင့် ယောက်ျားတွေထက် ဥာဏ်ရည် နိမ့်ကြပေမယ့်...
တစ်ခါတစ်ရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့
အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် ...။
 

လေးလံတဲ့ အရာတွေ မသယ်နိုင်ကြပေမယ့်...
ပေါင် ၁၀၀ ကျော်ဖြစ်လာမယ့် ယောက်ျားတစ်ယောက်မကကို (၉)လလောက် ဗိုက်ထဲ
ထည့်ထားနိုင်ပြန်တယ် ...။
အားနွဲ့လွန်းကြပေမယ့်...
သန်မာတဲ့ ယောက်ျားတွေကို ငိုငိုပြီး မွေးထုတ်ပေးနိုင်ပြန်တယ် ...။
အလှအပ မက်မောတတ်ကြသူတွေ ဖြစ်ပေမယ့်...
သူတို့ ရင်သွေးအတွက်ဆို အလှပျက်လည်း အပြုံးမပျက် နေနိုင်ကြပြန်တယ် ...။
ဖန်ခွက် ကျကွဲသံလောက်တောင် လန့်တတ်ကြပေမယ့်...
သားသမီးအတွက် ဘေးကြုံလာပြန်ရင်တော့
ဘယ်ကမှန်းမသိတဲ့ သတ္တိတွေနဲ့ ခြင်္သေ့ဆိုလည်း ရင်ဆိုင်ရဲကြပြန်တယ် ...။
 

အားနွဲ့သော်လည်း ...
သတ္တိရှိလွန်းကြတယ်လို့ပဲ ပြောရမလား ...
အရာရာမှာ နှောင့်နှေးတတ်ကြသူတွေ ဖြစ်ပေမယ့်...
သားသမီးအတွက် ဆိုရင်တော့ အားလုံးရဲ့ အရှေ့ဆုံးမှာ ရောက်နေတတ်ပြန်တယ် ...။
သူတို့ဖွင့်ဟတဲ့ စကားလုံးတိုင်းဟာ အရေးမကြီးပေမယ့်...
ထုတ်ဖော်မပြောပဲ မျိုသိပ်ထားတဲ့ သူတို့ရင်ထဲက စကားလုံးတွေဟာ
တန်ဖိုးရှိလွန်းနေတတ်ကြပြန်တယ် ...။
 

စကားအရမ်းများတတ်ကြသူတွေ ဖြစ်ပေမယ့်...
သူတို့ နှုတ်ဆိတ်မှုက ယောက်ျားတစ်ယောက်ကို နေမရ ဖြစ်စေနိုင်ပြန်တယ် ...။
အသည်းနုသူတွေ ဖြစ်ကြပေမယ့်...
သူတို့ အသည်းမာပြီဆိုရင်တော့ ယောက်ျားတစ်ယောက်ကို ရူးသွပ်စေနိုင်ပြန်တယ် ...။
ချစ်ပါတယ်လို့ တဖွဖွ မပြောတတ်ကြပေမယ့်...
တဖွဖွပြောတတ်တဲ့ ယောက်ျားတွေထက် ပိုချစ်တတ်ကြပြန်တယ် ...။
တကယ်တော့ သူတို့တွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ပုခက်လွှဲသော လက်တွေပါပဲ ...။
အားနွဲ့လွန်းသော်လည်း သတ္တိရှိလွန်းကြပါတယ် ...
 

credit to သူရနိုင်
(အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများမှ)

“သည်းခံခြင်း” နှင့်“အောင့်ခံခြင်း”


“ခန္တီ ပရမံ တပေါ တိတိက္ခာ”
●တိတိက္ခာ- အရာရာတွင်သည်းခံခြင်းတည်းဟူ
သော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရားအစစ်ဖြစ်ပါပေ၏။

ခန္တီ - သည်းခံခြင်းကို ဘာဖြစ်လို့အမြတ်တရားလို့ မြတ်ဗုဒ္ဓ ဟောတာပါလဲ။
“သည်းမခံနိုင်ဘူး” ဆိုတဲ့ “ဒေါသ” ကိုတော့လူတိုင်း လုပ်နိုင်ပေမယ့် သည်းခံနိုင်ခြင်းလို့ဆိုတဲ့
အဒေါသကိုတော့ လူတိုင်းလုပ်နိုင်ဖို့ မလွယ်ဘူးမဟုတ်လား။အနည်းဆုံးကတော့ ကိုယ်နဲ့ နှုတ် ကမတုန့်
ပြန်ပေမယ့် “စိတ်” ကတော့ ချက်ချင်းသည်းမခံဘဲ၊တုန့်ပြန်ပြီးသားဖြစ်နေတတ်တယ်လေ။

ကိုယ် နဲ့ နှုတ် ကတော့ အင်အားချင်းမမျှလို့ပဲဖြစ်ဖြစ် ၊ ဂုဏ်သိက္ခာအရပဲဖြစ်ဖြစ် ၊
အခြေအနေအရပဲဖြစ်ဖြစ်၊ မတုန့်ပြန်သော်လည်း အခွင့်အရေးရရင်တော့ တုန့်ပြန်ဖို့ ဝန်မလေးတတ်ကြဘူး။
ဒါကို “သည်းခံတယ်” လို့မခေါ်ဘဲ၊ “အောင့်ခံတယ်”လို့ခေါ်ပါတယ်။မနိုင်လို့အောင့်ခံနေတာပါ။
နိုင်ပေမယ့်လည်း အခြေအနေအရ အောင့်ခံနေရတာတွေလည်း ရှိပါတယ်။

●“သည်းခံ” တာက “အဒေါသကုသိုလ်” ဖြစ်ပြီး
●“အောင့်ခံ” တာက “ဒေါသအကုသိုလ်” ဖြစ်တဲ့ အတွက် အများကြီး ကွာခြားပါတယ်။

●သည်းခံတာက သည်းခံရင်သည်းခံနိုင်သလောက်စိတ်ရဲ့အရည်အသွေးတွေ တက်လာနိုင်ပါတယ်။
●အောင့်ခံတာကတော့ အောင့်ထားရင် အောင့်ထားသလောက် စိတ်ထဲမှာ ပူလောင်ရပြီး
ကြာလာတော့ဒေါသအစိုင်အခဲလိုဖြစ်လာပြီး၊အငြိုးအာဃာတ အဖြစ်သို့ပြောင်းသွားတတ်ပြီ
အန္တရာယ် ကြီးလှပါတယ်။
လောကမှာသည်းမခံနိုင်ဘူးဆိုတဲ့ ဒေါသကြောင့်ပဲ ပြစ်မှု အမျိုးမျိုးကိုကျူးလွန်နေကြပြီး၊ ငြိမ်းချမ်းမှု
မရဘဲ ဖြစ်နေကြပါတယ်။သည်းခံလိုက်တဲ့အတွက် ရန်သူ အဖြစ်ကိုရောက်မသွားဘဲ ၊ ငြိမ်းချမ်းတဲ့လူမှု ပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်တာတွေကိုလည်းတွေ့နေရပါတယ်။

“မသူတော်တွေ”ကတော့ သည်းခံနိုင်တဲ့လူတွေကိုလူပျော့လူညံ့လို့ထင်တတ်ပြီး
“သူတော်ကောင်းတွေ” ကတော့သည်းခံနိုင်မှ၊
“အမြတ်တရားကိုကျင့်သုံးနိုင်သူ” လို့ဆိုတယ်မဟုတ်လား

သည်းခံခြင်းကို မှန်ကန်စွာ သဘောပေါက်မယ် ဆိုရင်တော့“ခန္တီပရမံ - သည်းခံခြင်းသည် အမြတ်တရားဖြစ်တယ်။”လို့မြတ်စွာဘုရားဟောတာကိုသဘောပေါက်မယ် ထင်ပါတယ်။

“သည်းခံခြင်း” ဖြင့် “အမြတ်တရား” တို့ကို မွေးမြူနိုင်ကြပါစေ။

-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။


    
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။ထို(၁၀၈)
ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)ကွက်တို့
တွင် ဩကာသလောကကို သရုပ်ဖေါ်၍  အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်၍ (၂၁)
ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ 
သဘောကား လောကသုံးပါးသည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရား သည် လောကသုံးပါး ထက် မြင့်မြတ်သည်ဟု ဆိုလိုသည်။ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။  တစ်ရာ့ ရှစ်ယောက်  ကုန် သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ် ၏ မြတ်သော လက္ခဏာတော် ၏ ပြည့်စုံခြင်းကို  ကြည့်၍ပထမပုဏ္ဏား   ခုနှစ်ဦးမှစ၍  ဘုရား သော် လည်းကောင်း၊ စင်္ကြာမင်း သော် လည်းကောင်း ဖြစ်မည်ဟု ဆိုကုန်၏။

ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟော
ဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင်  လက္ခဏာ အစဉ်ဝယ်  စင်္ကြာမင်းပုံ ပါလေသည်။ 
စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘုရား ” သာလျှင် ရှိပေသတည်း။ ထို့ကြောင့် ဤ
လက္ခဏာ (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ လောကသုံးပါးထက် မြင့်မြတ်သော
ဂုဏ် တိလောကန္ဓဂူ  လောကသုံးပါးမှ လွန်မြောက်တော်မူသော ဂုဏ်နှင့်လောက၀ိဒူ လောကသုံးပါးကို
အကြွင်းမရှိ သိတော်မူသော ဂုဏ်တော်တို့ကို နှလုံးသွင်း၍  ဖူးမြင်ကြကုန်ရာ သတည်း။ ။

“ (၁၀၈) ကွက်သော ရုပ်ပုံများ”
 ================
၁။ လှံမ၊  ၂။ အိမ်မွန်    ၃။ ဇလပ်ပန်း၊  ၄။ လည်ရေးသုံးဆင့်၊   ၅။ ဦးဆောက်ပန်း၊   ၆။ ထမင်းပွဲ ၊  ၇။ အင်
ပျဥ၊်   ၈။ ချွန်းတောင်းလက်နက်၊   ၉။ ပြသာဒ်၊  ၁၀ ။ တုရိုက်တိုင်၊  ၁၁ ။ ထီးဖြူ  ၊  ၁၂။ သံလျှက၊်  ၁၃ ။
ထန်းရွက်ယပ်၊  ၁၄ ။ ဥဒေါင်းမြီးစီးယပ်၊  ၁၅ ။ စာမရီယပ၊်  ၁၆ ။ သင်းကျစ် ၊    ၁၇ ။ ပတ္တမြား၊ ၁၈။ သပိတ်၊
၁၉။ မုလေးပန်းဆိုင်း၊  ၂၀။ ကြာညို ၊  ၂၁။ ကြာနီ ၊   ၂၂။ ပဒုမ္မာကြာ၊     ၂၃။ ကြာဖြူ ၊  ၂၄။ ကြာပုဏ္ဏား
ရိတ်၊  ၂၅။ ပြည့်သောအိုး ၊  ၂၆။ ပြည့်သောဖလား ၊  ၂၇။ သမုဒ္ဒရာ၊၂၈။ စင်္ကြာဝဠာတောင်၊  ၂၉။ ဟိမ၀န္တာ
တောင်၊  ၃၀။ မေရုတောင်၊   ၃၁။ နေ၀န်း ၊    ၃၂။ လ၀န်း ၊ ၃၃။ နက္ခတ်တာရာများ၊  ၃၄။ ဇဗ္ဗုဒိပ်ကျွန်း
(တောင်ကျွန်း)   ၃၅။ အရှေ့ ကျွန်း၊   ၃၆။ မြောက်ကျွန်း၊၃၇။ အနောက်ကျွန်း၊  ၃၈။ ကျွန်းငယ်နှစ်ထောင်၊   
၃၉။ စင်္ကြာမင်း၊       ၄၀။ ခရုသင်း  ၊ ၄၁။ ရွှေငါးကြင်း အစုံ၊   ၄၂။ စစ်လက်နက်၊   ၄၃။ သီတာခုနှစ်တန်၊
၄၄။ သီတာခုနှစ်တန်၊၄၅။ သီတာခုနှစ်တန်၊    ၄၆။ သီတာခုနှစ်တန်၊   ၄၇။ သီတာခုနှစ်တန်၊   ၄၈။ သီတာ
ခုနှစ်တန်၊၄၉။ သီတာခုနှစ်တန်၊  ၅၀။ တောင်စဉ်ခုနှစ်ထပ်၊  ၅၁။ တောင်စဉ်ခုနှစ်ထပ်၊  ၅၂။ တောင်စဉ်ခုနှစ်
ထပ်၊၅၃။ တောင်စဉ်ခုနှစ်ထပ်၊ ၅၄။ တောင်စဉ်ခုနှစ်ထပ်၊ ၅၅။ တောင်စဉ်ခုနှစ်ထပ်၊ ၅၆။တောင်စဉ်ခုနှစ်ထပ်၊
၅၇။ အိုင်ကြီးခုနှစ်အိုင်၊    ၅၈။ အိုင်ကြီးခုနှစ်အိုင်၊    ၅၉။ အိုင်ကြီးခုနှစ်အိုင်၊    ၆၀။ အိုင်ကြီးခုနှစ်အိုင်၊ ၆၁။
အိုင်ကြီးခုနှစ်အိုင်၊      ၆၂။ အိုင်ကြီးခုနှစ်အိုင်၊      ၆၃။ အိုင်ကြီးခုနှစ်အိုင်၊      ၆၄။ ဂဠုန်မင်း၊ ၆၅။ မိကျောင်း
မင်း၊  ၆၆။ တံခွန်ကုက္ကား၊  ၆၇။ ရွှေထမ်းစင်၊  ၆၈။ ကေလာသတောင်၊ ၆၉။ ခြင်္သေ့မင်း၊၇၀။ ကျားမင်း၊  ၇၁။
ဝလာဟကမြင်းမင်း၊    ၇၂။ ဥပေါသထ၊    ၇၃၊ နဂါးမင်း၊     ၇၄။ ဟင်္သာမင်း၊ ၇၅။ ဥသဘနွားမင်း၊     ၇၆။
ဧရာဝဏ်ဆင်မင်း၊      ၇၇။ ရွှေမကာရ်း၊      ၇၈။ မုခ်လေးခုနှင့်ရွှေလှေ၊ ၇၉။ နို့စို့သားအမိ၊   ၈၀။ ကိန္ဒရာဖို၊  
၈၁။ ကိန္ဒရီမ၊    ၈၂။ ကရ၀ိတ်ငှက်မင်း၊    ၈၃။ ဥဒေါင်းငှက်မင်း၊ ၈၄။ ကြိုးကြာငှက်၊၈၅။ စက္က၀တ်ငှက်မင်း၊ 
၈၆။ ဇီဝဇိုးငှက်မင်း၊      ၈၇။ နတ်ပြည်ခြောက်ထပ်၊ ၈၈။ နတ်ပြည်ခြောက်ထပ်၊  ၈၉။ နတ်ပြည်ခြောက်ထပ်၊         
၉၀။ နတ်ပြည်ခြောက်ထပ်၊ ၉၁။ နတ်ပြည်ခြောက်ထပ်၊   ၉၂။ နတ်ပြည်ခြောက်ထပ်၊  ၉၃။ ဗြဟ္မာတစ်ဆယ့်
ခြောက်ဘုံ၊ ၉၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၉၆။ ဗြဟ္မာတစ်ဆယ့်ခြောက်
ဘုံ၊၉၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊   ၉၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊    ၉၉။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၀။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၁။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၂။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၃။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၄။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၅။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊
၁၀၆။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၇။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ၊ ၁၀၈။ ဗြဟ္မာတစ်ဆယ့်ခြောက်ဘုံ။

{ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီး ဘုရားမှ မှတ်တမ်းယူ ရေးသားပါသည်။}
 ဦးသိန်းဝေ။

မြေကြီးပြိတ္တာ



ဘယ်လောက်ပင် စားရ စားရ၊
တစ်ဝမ်း ၀ရုံပဲ။
ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊
အရေပြား ဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊
တစ်ကိုယ်စာလေးပဲ။
ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ၊
သေရင် ထားပစ်ခဲ့ရတာချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊
ကျန်ခဲ့လျှင် သူများဖို့။

နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင်၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓက ယခုလို ဆုံးမခဲ့၏။

ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်းရှိလျှင်လည်း ဘုဉ်းပေးပါ။
မရှိလျှင် ဆွမ်းခံ၍ စားပါ။
လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။
မရှိလျှင် ပံသုကူသင်္ကန်း ရှာ၍၀တ်ရုံပါ။
လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။
မရှိလျှင် သစ်ပင်အောက်တွင် နေပါ။
လှူသရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။
မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။

ထိုအဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊
သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊

မလိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး
ဆင်းရဲရပေသည်။

ဆင်းရဲသွားသော ရန်ကုန်မြို့သစ်မှ အမျိုးသမီးကြီးတစ်ဦး အကြောင်း တင်ပြအံ့။ မြို့သစ် တွင် မြေကွက် ရသဖြင့် ခြံခတ်သောအခါ ထိုအမျိုးသမီးကြီးသည် တစ်ဖက်ခြံမှ မြေတစ်ပေနီးပါးကို ခိုးယူမိလိုက်သည်။

ထိုအချိန်က တစ်ဖက်ခြံမှမြေရှင်သည် ခြံလာမခတ်ရသေးပေ။ ထို့ကြောင့် အရင်ရောက် သူက မြေ တစ်ပေပိုပြီးခြံခတ်ယူလိုက်ခြင်း ဖြစ်သည်။ နောက်ရောက်သော ခြံရှင်သည်တရားသမားဖြစ် သောကြောင့် ဘာမှမပြောပေ။


♦ တဖက်ခြံရှင်က အပြစ်မပေးသော်လည်း သူပြုသော "အဒိန္နာဒါနအကုသိုလ်" ကား အပြစ်ပေး သည်သာဖြစ်၏။ ထို့ကြောင့် ထိုအမျိုးသမီးကြီး သေသောအခါ ထို့မြို့သစ်၊ ထိုရပ်ကွက်ထဲ မှာပင် ပြိတ္တာ မကြီးသွားဖြစ်သည်။

 
သူသည် ပြိတ္တာစဖြစ်သောနေ့မှစ၍တခြားအရပ်မှမြေများကို တောင်းကြီးတစ်လုံးဖြင့် ခေါင်းပေါ်ရွက်သယ်ပြီး သူမြေတစ်ပေခိုးခဲ့မိသော ခြံဝိုင်းထဲသို့ လောင်းချပေးနေရခြင်းပင်ဖြစ်၏။

ခိုးယူခဲ့သော မြေတစ်ပေအတွက် အရင်းရော၊အတိုးပါ ပေးဆပ်နေရခြင်းဟု ဆိုရမည်ထင်သည်။
လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးဆိုက်၏။
♦ ပရာနုဝါဒဘေး၊
♦ ဒဏ္ဍဘေး၊
♦ အတ္တာနုဝါဒဘေး၊
♦ အပါယဘေးတို့ပင် ဖြစ်၏။

♦ ပရာနုဝါဒဘေးဟူသည် သူတစ်ပါးက စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
♦ ဒဏ္ဍဘေးဟူသည် ထောင်တန်းကျပြီး အပြစ်ပေးခံရခြင်းမျိုးကို ဆိုလို၏။
♦ အတ္တာနုဝါဒဘေးဟူသည် မိမိကိုယ်မိမိ စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။ ♦အပါယဘေးကား အပါယ်လေးပါးသို့ ကျရောက်သောဘေးပင် ဖြစ်၏။

ထိုလေးမျိုးတွင် ရှေ့နှစ်မျိုးသည် သူတစ်ပါး မရိပ်မိအောင် ပိပိရိရိ လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ လာဘ်ထိုးခြင်းဖြင့်သော်လည်းကောင်း လွတ်အောင်ရှောင်၍ ရနိုင်သေး၏။ နောက်နှစ်မျိုးကား မည်သို့သောနည်းဖြင့်မျှ ရှောင်လွှဲ၍ မရနိုင်ပေ။ သူတစ်ပါးကိုသာ လိမ်၍ရမည်။ မိမိကိုယ် မိမိကား ဘယ်သောအခါမှ လိမ်၍မရ။

ထို့ကြောင့် ဒုစရိုက်မူ တစ်ခုခုလုပ်ပြီးသည်နှင့်မိမိကိုယ် မိမိ စွပ်စွဲသော " အတ္တာနုဝါဒ၏ဘေးကြီး"သည်
နေ့စဉ် နှိပ်စက်တော့၏။ မိမိကိုယ်မိမိ စွပ်စွဲခြင်းဟူသည်မိမိကိုယ်မိမိ မကြည်ညိုခြင်းပင် ဖြစ်၏။ မိမိကိုယ်မိမိမကြည်ညိုသူများ၏ နောက်ဆုံးပန်းတိုင်ကားအပါယ်လေးပါးပင် ဖြစ်၏။ ရန်ကုန်မြို့သစ်မှ
အမျိုးသမီးကြီးကို ပြိတ္တာဘ၀သို့ ပို့ပေးသည်မှာ ဤနောက်ဆုံး ဘေးနှစ်မျိုးကြောင့်ပင် ဖြစ်၏။

နှစ်အတော်ကြီး ကြာသောအခါတွင်မှ ကျောင်းဆရာမဖြစ်နေသောသူ့သမီးကို အိပ်မက်ပေးပြီး အကူအညီတောင်းရှာသည်။ သူတောင်းသောအကူအညီများမှာ တိကျသေချာလှသည်။

(၁) ခိုးထားသော မြေတစ်ပေကို တစ်ဖက်ခြံသို့ ပြန်ပေးပါ။
(၂) ခိုးယူထားသော နှစ်အလိုက် အတိုးငွေပါ ထည့်ပေးပါ။
(၃) ထိုနှစ်ချက် ပြည့်စုံအောင်လုပ်ပြီးမှ ကုသိုလ်ပြုပြီး သူ့ကို အမျှဝေပေးပါ။

သို့မှသာ သူပြိတ္တာဘ၀မှလွတ်မည်ဟုဆိုသည်။ သမီးဖြစ်သူသည် သူပြောသည့်အတိုင်း လုပ်ပေး သဖြင့် ပြိတ္တာဘ၀မှ လွတ်သွားပါသည်။ လောဘသည် သမလောဘ၊ ၀ိသမလောဘဟု နှစ်မျိုးရှိ၏။ တရားသဖြင့် လိုချင်သောလောဘကို “သမလောဘ”ဟု ခေါ်ပြီး၊ မတရားသဖြင့် လိုချင်သောလောဘကို “၀ိသမလောဘ”ဟု ခေါ်သည်။

တရားသဖြင့် လိုချင်သောလောဘသည် အနာဂါမ်အရိယာမှာပင်ရှိသေး၏။ (ဘ၀ရာဂါနုသယကို ဆိုလို)။ ထိုသမလောဘကား မိမိ၊ သူတစ်ပါးနှစ်ဦးလုံးကို ဒုက္ခမပေးပေ။ ၀ိသမလောဘသည်သာ
မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ဒုက္ခပေးသည်။လူသည် သဘာဝအားဖြင့် မြင့်မြတ်သောသူ ဖြစ်ပါလျက် ယုတ်နိမ့်သောအပါယ်ဘုံသို့ ကျရသည်မှာထိုဝိသမလောဘကြောင့်ပင်ဖြစ်၏။

မိသားစုကိုလုပ်ကိုင်ကျွေးမွေးသူများသည် သမ္မာအာဇီဝကျကျ တရားသဖြင့်သာ ရှာဖွေကျွေးမွေး သင့်၏။ ၀ိသမလောဘ၏ကျေးကျွန်ဖြစ်ပြီး မတရားသောနည်းများဖြင့် ရှာဖွေကျွေးမွေးမည်ဆိုလျှင် မိသားစုများသည် စားစရာကိုသာအတူ ၀ိုင်းစားပေးကြမည် ဖြစ်၏။

♦ အပါယ်သို့ကျဖို့ရှိလျှင်ကား မည်သူမျှ လိုက်ပါပေးလိမ့်မည် မဟုတ်။ မိမိတစ်ယောက်တည်းသာ
သွားရမည်ဖြစ်သည်။

[အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)
" သင်လူတစ်ယောက်ဖြစ်ပြီလား မှ" - 

Admin -lwan saung
 
website - http://lwansulay.blogspot.com/  


 (လွမ်းဆုလေး) 
website  http://lwansaung.blogspot.com/


**နှလုံးသားမိတ္တူ**


ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ (၂)
****************************************

ပါဠိသက်သက် ရွတ်နေတာထက် ပါဠိ-မြန်မာတွဲပွားတာ၊ သိုမဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ၊ အပတ်ရေတာ့ နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ကျပ်တန် အရွက်တစ်ရာထက် တစ်ထောင်တန်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေဆိုတဲ့ အရေအတွက်ကို အဓိကမထားပဲ တစ်ခေါက်ဆို တစ်ခေါက် အရည်အသွေးပြည့်ဝဖို့ကိုပဲ ဦးစားပေးစေချင်ပါတယ်။

မြန်မာလို ဆက်တိုက်ပွားနေပြီးမှ အဓိပ္ပာယ်ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုစေတဲ့စိတ်တွေလည်း ဆက်တိုက်ဖြစ်ပေါ်လာတတ်ပါတယ်။ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက် ကူးစက်လာပါတယ်။

မြန်မာလို အဓိပ္ပာယ်သိမနေပဲနဲ့ မြန်မာတစ်ယောက်ရဲ့ နှလုံးသားမှာ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ ကူးစက် လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်းနည်းပါးပါး လျာလျားလှပ်လှပ် မဆိုစလောက်လေး ပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွတ်ပွားနေတဲ့အတွက် ကုသိုလတ်တော့ ရချင် ရမှာပေါ့။ ဓာတ်ကူး စက်ဖို့တော့ သိပ်မလွယ်ပါဘူး။

မီးအားပြည့်မှ မိတ္တူအရည်အသွေးကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ပဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယမီးအား ကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်နေတော့မှာပဲ။

မိတ္တူစာရွက် အရည်အသွေးကောင်းမှ မိတ္တူပုံရိပ် ပိုထင်ရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်ရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်းနှလုံးကောင်း လည်းမွေး၊ လေ၀င် တိုင်း လေထွက်တိုင်း နှသီးဝမှာ လေထိသွားတဲ့ သဘောကိုလည်း မကြာခဏ သတိကပ် ရှုမတ်ပြီး ကိုယ့်စိတ်ကို ဖွပ်လျှော် ပေးသင့်တယ်။

စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်း ဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်း စိတ်မြတ် ပိုင်ဆိုင်သူ လူကောင်းလူမြတ် ဖြစ်နိုင်ပါတယ်။ မကောင်းမှု အကု သိုလ်တွေ ရှောင်ကြဉ်  ဖြစ်ပြီး  ကောင်းမှုကုသိုလ်တွေ တစ်နေ့တစ်ခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ် ခိုင်မာရင့်ကျက်ပြီး အသိ ဥာဏ် တိုးတက်မြင့်မား လာနိုင်ပါ တယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ်အထွေထွေ၊ ကျက်သရေ အမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်း ရ တတိုင်းပြီးနိုင်ပါတယ်။ အနာဂတ် သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ် ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာ ဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။

ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ ' သောက်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား' လို့သာ ထပ်တလဲလဲ ပွားလိုက် ပါ။ နှလုံးသား ထဲက သောကမီးတောက်တွေ ချက်ချင်း၊ သို့မဟုတ်  တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။

'ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး၊ သတ္တ၀ါတွေရဲ့ သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်။ သတ္တ၀ါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော် မူသော မြတ်စွာ ဘု ရား၊ သောကငြိမ်းကြောင်း တရားဟောင်းများကို ဟောကြားတော်မူသော မြတ်စွာဘုရား' လို့ပါ ပွား များနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးအနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့ သောကကို ပယ်ပျောက်ပေး ချင်တဲ့ မေတ္တာတရားတွေလည်း တိုးပွားလာပါတယ်။

ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း၊ လာဘ်ရွှင်ဖို့၊ စီးပွားတက်၊ ရာထူးတိုးဖို့၊ အကြံအောင်မြင်၊ လိုအင်ပြည့်ဝဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။

စိတ်ဓာတ်နဲ့ လုပ်ရပ်အကျိုးရနေမှတော့ အန္တရာယ်ကင်း၊ လာဘ်ရွှင် စတဲ့ဘေးထွက်အကျိုးတွေကို တမင်တောင့်တနေစရာ မလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီ ဘေးထွက် ဆိုး ကျိုးတွေက မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။

ဂုဏ်တော်ပွားခြင်းကြောင့်  ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ' ၀မ်းမြောက်တယ်'၊ 'ငြိမ်းအေးတယ် ' .... စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာ ဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွတ်အထိပ် ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ပွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ်မပျက်ဥာဏ်ဥာဏ်( မဖြစ်မပျက် မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည် နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ် သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တော် တစ်လှည့်၊ ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ ကူးပြောင်းလိုက်တာပါ။

ပါဠိလို ဂုဏ်တော်ပွားတာထက် မြန်မာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ နှလုံးသား ထဲပိုပြီး စိမ့်ဝင်ပျံ့နှံ့ကူးစက် စွဲထင်တယ်ဆိုတာကို လက်တွေ့စမ်း သပ်ကြည့်နိုင်ဖို့ အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တစ်ချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။

'စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား'

'စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရား'

'ဒေါသအမျက် ကင်းစင်တော်မူသော မြတ်စွာဘုရား'

'မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား '

'သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား '

'မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား'

' အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား'

'အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား '

ဘုရားဂုဏ်တော် ပွားတယ်ဆိုတာ . . . ဘုရားအကြောင်း စဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။

  သတ္တ၀ါအားလုံး ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ နှလုံးသားမိတ္တူမှ ကောက်နှုတ်တင်ပြပါသည်။

သံဝေဂ နိဒါန်း

ညအခါ
လသာသာ
ကစားမလား
နားမလား

ညဆိုတာ မှောင်မိုက်ခြင်းရဲ့ ပြရုပ်၊ အ၀ိဇ္ဇာရဲ့ သဘော၊ မသိခြင်းနဲ့မောဟရဲ့ အမိုက်တိုက်ကြီးဖြစ်ပါတယ်။
ကမ္ဘာလောကကို အ၀ိဇ္ဇာအမှောင် အစဉ်ဖုံးနေလေ့ရှိပါတယ်။

အဲဒီလို အစဉ်သဖြင့် မှောင်နေတဲ့ ကမ္ဘာကြီးမှာ ဟိုခဏ၊ ဒီခဏ ဆိုသလို သာသနာ လသာချိန်လေးတွေနဲ့ အလွန်ရှားပါးစွာ ကြုံကြရတတ်ပါတယ်။ သာသနာ - ဗုဒ္ဓဘုရားရှင် ပွင့်တော်မူချိန်မှစ၍ သူ၏ တရားတော် များ မကွယ်ပမှီ အချိန် အထိ။

ကမ္ဘာ -
(၁) သာရ ကမ္ဘာဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊
(၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊
(၃) ဝရ ကမ္ဘာဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
(၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊
(၅) ဘဒ္ဒကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊
(၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။
ယခု ကျွန်ုတို့ တည်နေသော ကမ္ဘာသည် ဘဒ္ဒကမ္ဘာ (၀ါ) ဘုရားငါးဆူ ပွင့်သောကမ္ဘာ ဖြစ်ပါသည်။

ဗုဒ္ဓဘုရား -
ပညာဓိကဘုရား - ၄ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။
သဒ္ဒါဓိကဘုရား - ၈ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။
ဝိရိယဓိကဘုရား - ၁၆ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။

ကမ္ဘာတစ်ကမ္ဘာ၏သက်တမ်း - အသင်္ချေယျကပ် ၄ ကပ်
အသင်္ချေယျကပ် ၁ ကပ် - အန္တရကပ် ၆၄ ကပ်

အန္တရကပ် ၁ ကပ် - ဆုတ်ကပ် ၁ ကပ် နှင် တတ်ကပ် ၁ ကပ် (၀ါ) ဆုတ်ကပ်တတ်ကပ် တစ်စုံ

ဆုတ်ကပ် - လူ၏ သက်တမ်း အသင်္ချေယျတမ်း မှသည် ၁၀ နှစ်တမ်းသို့ တဖြည်းဖြည်း နိမ့်လျောကျ လာသည် အထိကြာချိန်

တက်ကပ် - လူ၏ သက်တမ်း ၁၀ နှစ်တမ်း မှသည် အသင်္ချေယျ တမ်း သို့ တဖြည်းဖြည်း မြင့် တက် လာ သည် အထိကြာချိန်

ကမ္ဘာပျက်ပုံ
- သက်တမ်းရင့်လာ၍ မီး၊ ရေ၊ လေ အကြောင်း တစ်မျိုးမျိုးကြောင့် ကမ္ဘာစ၍ပျက် သည်မှ ပျက်စီးမှု ပြီးဆုံးသည် အထိ ကြာချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာပျက်ပြီး ပျက်သည့် အတိုင်း တည်နေချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာပြုမိုးကြီး ရွာပြီးသည်မှစ၍ လူသတ္တ၀ါတို့ နေထိုင်နိုင်ဖို့ အဆင်သင့်ဖြစ်ရန် ကြာချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာအသင့် ဖြစ်ပြီးချိန်မှ စ၍ နောက်တစ်ကြိမ် ပြန်မပျက်ခင်အထိ (၀ါ) သတ္တ၀ါများ ရှင်သန်နေထိုင်ချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်

လူ့အဖြစ်ရခဲပုံ - လူ့ပြည်မှ ထောင်ထားသော အပ်တစ်စင်း နှင့် ဗြဟ္မာ့ပြည်မှ ပစ်ချသော အပ်တစ်စင်း ထိပ်ချင်းထိ နိုင်မည် လူ့အဖြစ်ရရန် ထိုမျှလောက် မလွယ်။

လူ့အဖြစ်ရပြီးငြားသော်လည်း သေလွန်ပြီးပါက လူပြန်ဖြစ်ရန်ခက်ခဲပုံ
အခါတစ်ပါး၌ မြတ်စွားဘုရားသခင် ကိုတော်မြတ်ကြီးသည် လက်သဲခွံ ပေါ်သို့ သဲတို့ကိုတင်လျှက်.. 'ချစ်သားရဟန်းတို့ ယခုငါ၏ လက်သဲခွံ ပေါ်ရှိသဲပွင့် အရေအတွက်နှင့် မဟာပထ၀ီ ကမ္ဘာမြေထု၌ ရှိသော သဲပွင့် အရေအတွက် မည်သည့် အရေ အတွက်က ပိုများသနည်း' ဟု မေးတော်မူ၏။ထိုအခါ ရဟန်း တို့ က မြတ်စွာဘုရားအား မဟာပထ၀ီထု၌ ရှိသော သဲပွင့်အရေအတွက်က ပို များကြောင်း လျှောက် တင်သောအခါ မြတ်စွာဘုရားက…
ထိုနည်းအားလျော်စွာသုဂတိဘ၀မှ သေလွန်ပြီးသုဂတိဘ၀သို့ ပြန်ရောက်သော သတ္တ၀ါ အရေအတွက် သည် လက်သဲခွံ ပေါ်ရှိသဲပွင့် အရေအတွက်နှင့် တူ၏၊သုဂတိဘ၀မှ သေလွန်ပြီး အပါယ်လေးဘုံသို့ သွားရသော သတ္တ၀ါတို့၏ အရေအတွက်သည် မဟာပထ၀ီထု၌ ရှိသော သဲပွင့် အရေတွက်နှင့် တူကုန်၏။ အလွန်ထိတ်လန့်ဖွယ် သံဝေဂရ ဖွယ်ဖြစ်ပါသည်။

ထို့ကြောင့်…

၁။ လူ့အဖြစ်ရခဲလှခြင်း
၂။ လူ့အဖြစ်ရသော်လည်း အနာဂါတ်ဘ၀၌ လူပြန်ဖြစ်ရန် လွန်စွာခက်ခဲခြင်း
၃။ လူ့အဖြစ်ရစဉ် ဤသို့သော အသိဥာဏ်ကိုပေးနိုင်သည့် သာသနာထွန်း ချိန်နှင့် ကြုံခဲလှခြင်း
၎။ လူ့အဖြစ်ကိုရ၍ သာသနာနှင့်ကြုံသော်လည်း မိစ္ဆာဒိဌိ အယူဝါဒရှိသော မိဘများမှပေါက်ဖွား လာပြီး၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ အကြောင်းကို ရှင်းလင်းပြောပြမည့် ကလျာဏ မိတ်ဆွေကောင်းနှင့် ကြုံရခဲခြင်း
၅။ လူ့အဖြစ်ကိုရ၊ ကလျာဏ မိတ်ဆွေကောင်းနှင့် ကြုံငြားသော်လည်း၊ ပါရမီမခိုင်၊ သံဝေဂဥာဏ် မပိုင်၍ ဆုတ်နစ်သော အားထုတ်မှုသာရှိခြင်း သို့မဟုတ် နားလည်သဘောပေါက်မှု ပါရမီပြည့်ဝ၍ သံဝေဂဥာဏ် ရင့်သန်သော်လည်း ကျင့်ကြံအားထုတ် နိုင်လောက်အောင် ကျန်းမာရေး မပြည့်စုံခြင်း အစရှိသော အလွဲများစွာရှိနိုင်ပါသည်။

အထက်ပါ အကြောင်းအချက်များကို အသေအချာ စဉ်စားဆင်ချင်၍ သံဝေဂ ဥာဏ်ပိုင်ပိုင် ရနိုင်ကြပြီး မိမိယခု ရရှိနေသော မဟာအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ သံဝေဂဥာဏ်များများ၊ ကျင့်ကြံပွါးများ ချင်စိတ် တဖွားဖွား ပေါ်ပေါက်၍ မလျော့သောဇွဲဖြင့် အမြိုက်ပန်းတိုင်ကို ဒီဘ၀၌ပင် ရောက်အောင် ကြိုးစား အားထုတ်နိုင်ကြရန် ဆန္ဒမွန်ဖြင့် တိုက်တွန်းအပ်ပါသည်။အားတက်စရာ သတင်းမှာ ဘုရားတစ်ဆူ ပွင့်လျှင် ကျွတ်ထိုက်သော ဝေနယျသတ္တ၀ါ များမှာ (၂၄) အသင်္ချေ ကုဋေ (၆၀) ဗိုလ်ခြေ တစ်သိန်းဖြစ်သော် လည်း ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် အလွန်တိုတောင်းသော သက်တမ်း ၁၀၀ ကာလတွင်ပွင့်တော်မူ လာသောကြောင့် (၁၆) အသင်္ချေ ကုဋေ (၆၀) နှင့် ဗိုလ်ခြေ တစ်သိန်းသာ သံသရာ ၀ဲဂယက်မှ ကျွတ်လွတ်၍ (၈) အသင်္ချေ ကျွတ်လွတ်ရန် ကျန်ရှိနေပါသေးသည်။ ထို့အတွက် မဟာဂရုနာရှင် ကိုယ်တော်မြတ်ကြီးက သူကိုယ်တိုင် သက်ရှိထင်ရှား မရှိတော့သော်လည်း သူ၏တရားတော် နှင့် သံဃာတော်များ အားသတ္တ၀ါများကို ဆက်လက်ကယ်တင်စေ ခဲ့ခြင်း ဖြစ်ပါသည်။ယခုကဲ့သို့ အခွင့်အရေး မျိုး နောက်တစ်ကြိမ် ထပ်ရရန် မည်မျှကြာအောင် ထပ်စောင့်ရဦးမလဲ ဆိုသော မေးခွန်း၏ အဖြေမှာ လုံးဝမသေချာပါ။

ထို့ကြောင့်…
၁။ သုတမယ ဥာဏ်ကိုရအောင်လေ့လာ အားထုတ်ပါ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ…….. စသည်တို့ကို စာသိသိ အောင်အရင် လုပ်ပါ)
၂။ ၀ိပဿနာ တစိုက်မတ်မတ် ရှု့ပါ။ (၀ိပဿနာ စာအုပ်ကောင်း၊ ဆရာကောင်း ရှာမှီးပြီးတော့ နေ့စဉ် ပုံမှန်အချိန်ပေးပြီး အားထုတ်ပါ)

စာကြွင်း-
ယခု လသာသော ညအခါနှင့် ကြုံကြရပါပြီ။
ကာမဂုဏ် အာရုံများနှင့် ပျော်ပါးပြီး ကစားနေကြဦး မှာလား (၀ါ) ရှည်လျားလှသော ကပ်ကမ္ဘာများကြား ၌ အပါယ်လေးဘုံတွင် အဖန်ဖန် ကျင်လည်ပြီး အရိုးတောင်လို ပုံကြရမည့် အဖြစ်ဆိုးမျိုး အဖြစ်ခံမလား။
သံသရာဒုက္ခ အပေါင်းမှ ကင်းဝေးပြီး အပါယ်ဘေးမှ လွှတ်ငြိမ်းချမ်းသာ ရလေအောင် သမထ၊ ၀ိပဿနာ ဘာဝနာ တရားအားထုတ်ပြီး နားကြရဖို့ လုပ်ကြမလား ………
မေတ္တာများစွာဖြင့်…

ဝန်ခံချက်။ အစဉ်အလာမပျက် ရအောင် မင်္ဂလာနံက်ဟု နှုတ်ဆက်ခဲ့ ကြရသော တွံတေးအော်တို အိတ်ချိန်း၌ လွတ်လပ်စွာ ဥာဏ်ကွန့်ခဲ့မြူးသော ညများစွာနှင့် ကိုမိုးသူရ ဆရာတင်မိုး၏ ညအခါလသာသာ ကဗျာအပေါ်ခံစားမှု ကိုကျောရိုးပြုပါသည်။ဆရာတော် ရှင်ဇနကာဘိဝံသ၏ ဒုလ္လဘကထာ နှင့် ဆရာမွန် များစွာတို့၏ စာမွန်များ၊ ထိုမြင်မြင်၊ ကြားကြား၊ ဖတ်ဖတ်၊ ကြုံကြုံ၊ သိသိ အဖြစ်ပျက်များကို မှီငြမ်းပါသည်။

-thevalueofzero

-by Koenig Leonn
(ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)
နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်