Home » » ခွဲမသွားရက်ပါဘူး

ခွဲမသွားရက်ပါဘူး



မပြောရက်ပါဘူး
ဒီရင်ထဲက နာကျင်မှုတွေကိုပေါ့
မလွမ်းရဲပါဘူး
အချိန်တွေရယ် တားမရတာကြောင့်
လွမ်း ရဖို့ နေ့ရက်များက
လူသတ်သမားလက်ထဲက ဓားပမာ
တ၀င့်ဝင့်နဲ့ လွမ်းစေဖို့ ရာဇသံပေးနေတယ်။

နှုတ်မဆက်ရက်ပါဘူး
အဝေးကို ထွက်မသွားနိုင်တဲ့ ဒီစိတ်တွေက
အနားမှာနေချင်ပေမယ့်
ဦးနှောက်တရားသူကြီးက
အကျဉ်းထောင်ထဲက အကျဉ်းသားကို
အမိန့်ချထားလိုမျိုး နှုတ်ဆက်စေဖို့ အမိန့်ပေးနေခဲ့တယ်။

ခွဲမသွားရက်ပါဘူး
၁ စက္ကန့်လေးတောင် မခွဲနိုင်တဲ့နှောင်ကြိုးတွေက
လွတ်မသွားအောင်ချည်နှောင်ထားပေမယ့်
ခွဲရဖို့အချိန်တွေက သေမင်းအရှေ့မှာ
ဒူးထောက်နေရတဲ့ သူပမာအကြောက်ဆုံးဖြစ်နေခဲ့လဲ
ခွဲသွားဖို့ အသိပေးနေတယ်မောင်ရယ်။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်