Home » » ဘယ်ချိန်များမှ ရမှာလဲ ချစ်သူရယ်

ဘယ်ချိန်များမှ ရမှာလဲ ချစ်သူရယ်


ချစ်သူ...

ငါရေးတဲ့ဝတ္ထုတွေထဲမှာတော့
မင်းသားနဲ့ မင်းသမီး ပေါင်းစေသတည်းလို့
ငါကိုယ်တိုင်ဇာတ်သိမ်းခိုင်းနိုင်ပေမယ့်
နင်နဲ့ငါ့ရဲ့ လက်တွေ့မှာတော့
ငါ ဇာတ်သိမ်းဖို့ မဖြစ်နိုင်ခဲ့ဘူး။

ဇာတ်ကွက်တစ်ခုမှာ မင်းသမီးငိုကြွေးစေလို့
ငါကိုယ်တိုင် ဇာတ်ကွက်ပေးနိုင်ပေမယ့်
လက်တွေ့မှာတော့ ငါကိုယ်တိုင် ငိုကြွေးနေရတယ်။

ဇာတ်လမ်းမှာ မင်းသား ပြန်လာစေသတည်းရယ်လို့
ငါ ရေးနိုင်ပေမယ့် လက်တွေ့မှာ
နင်ပြန်လာစေသတည်းလို့ ငါ မပြောရက်ခဲ့ဘူးဟာ...။

နင်နဲ့ငါ့ရဲ့ အချစ်တွေ လွမ်းဆွေးမှုတွေအားလုံး
ငါရေးတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်
မင်းသားနဲ့ မင်းသမီး ပျော်ရွှင်စွာပေါင်းဖက်စေသတည်းလို့
ငါရေးလိုက်မိမှာပါပဲ...

ဖြစ်ချင်သလိုရေးလို့မရတဲ့ လက်တွေ့မှာတော့
နင် နဲ့ ငါက အဝေးတစ်နေရာစီမှာ ရောက်နေသလို
မစာနာတတ်တဲ့ အလွမ်းများက
ရက်စက်စွာထိုးနှက်နေလို့ ငါ့ နှလုံးသားမှာလဲ
ဒဏ်ရာအထပ်ထပ်ဖြစ်နေပြီ။

ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းနိဂုံးမှာ
ပျော်ရွှင်စွာပေါင်းဖက်စေသတည်းရယ်လို့
ငါကိုယ်တိုင်ရေးနိုင်ခွင့်ကို ဘယ်ချိန်များမှ
ရမှာလဲ ချစ်သူရယ် ... ။

လွမ်းဆုလေး

(ချစ်သူအတွက် အမှတ်တရလက်ဆောင်ကဗျာလေးပါ)

1 (လွမ်းဆုလေး) :

  1. ကောင်းတယ်ကဗျာ

    ReplyDelete

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်