Home » » ဟိုဘက်လမ်းက သွားပါ

ဟိုဘက်လမ်းက သွားပါ


နင်ပြောတဲ့ အချစ် ဆိုတဲ့စကားလုံး
င့ါသမိုင်းမှာပျောက်နေလို့
ငါကိုယ်တိုင်တောင် ရှာမတွေ့ခဲ့တာ ကြာပြီ။

နင် ပြောတဲ့ သိပ်ချစ်တယ် ဆိုတာ
ဓား တစ်ချောင်းလို ထက်လွန်းလှလို့
သွေးတွေကျနေခဲ့တာတောင် နောက်ဆုတ်မရခဲ့တာ ဟိုရာစုနှစ်ကပေါ့။

နင်ရဲ့ လွမ်းတယ်ဆိုတဲ့ အသံက
အဆိပ်တွေသုံးထားလို့ ငါ မူးမေ့နေခဲ့တာလဲ
ဟို အတိတ်ကပါပဲ။

နင့် ရဲ့ ငိုရှိုက်သံသဲ့သဲ့လေးကတော့
ငါ့အတွက် အားအပြင်းဆုံးနောက်ဆုံးလက်နက်တစ်ခုပေါ့
ဒါကိုနင်ထုတ်သုံးပြီး လှည့်စားခဲ့နိုင်ခဲ့တာ ဟို ခေတ်တွေကပါ။

ဒီခေတ်မှာတော့ ငါ့ရာဇ၀င်ငါ့သမိုင်း
နင့်နာမည်တောင်ယောင်လို့မရှာနဲ့
ပါ မှာမဟုတ်ဘူး ..
ပါ ခဲ့တယ်ဆိုတောင် ရေးမိတဲ့လက် ငါ ကိုယ်တိုင်ဖြတ်ပစ်မယ်။

မုသားတွေ အထပ်ထပ်နဲ့ မာယာတွေ သံကွန်ချာထပ်ထားတဲ့
မင်းအတွက် ငါ့နှလုံးသားကသေဆုံးခဲ့ရုံတင်မကဘူး
ခုလောက်ဆို အရိုးပါ ဆွေးနေရောပေါ့။

နောက်တစ်ခေတ်မှာ နင် ငါနဲ့ယှဉ်မရပ်နဲ့
ငါ့နှလုံးသားက အရက်စက်ဆုံးဖြစ်သွားပြီ
ဘာခံစားချက်မှမရှိတော့ဘူး..
အတိတ်က အကြွင်းကျန်သံယောဇဉ်လေးနဲ့ သတိပေးလိုက်မယ်

ငါ့ အရိပ်တွေ့ရင် နင် ဟိုဘက်လမ်းက သွားပါတော့ ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်