Home » » ယုံကြည်ပါ

ယုံကြည်ပါ


မောင် .....

နှုတ်ဖျားထက်မှ တိုးတိတ်စွာထွက်ကျလာသော
အရမ်းချစ်တယ်လို့ ဆိုနေတဲ့
အသံတိုးတိုးလေးထက်
ရင်ထဲက ပိုချစ်လို့နေတယ်...

ပြောပြတတ်တာထက် ပိုချစ်နေတဲ့အဖြစ်တွေက
ကဗျာမပီ စာမညီခဲ့ပေမယ့်
မောင့်ကို ချစ်တဲ့ အချစ်တွေကတော့
သံစဉ်အလှပန်းမျိုးတစ်ရာထက်
ပိုလှမယ်ထင်ပါတယ် ..

လူတွေပြောတဲ့ ထာဝရဆိုတာ
တိုင်းတာလို့မရဘူးဆိုရင်
မောင့်ကိုချစ်တဲ့ အချစ်တွေက
အဲဒီထာဝရ ရဲ့ မနက်ဖြန်ထက်
ပိုလို့နေတယ်။

ကဲ ဒီတော့ ...
မနက်ဖြန်ဆိုတာ မကုန်သေးသမျှ
ချစ်နေအုံးမယ်ဆိုတာတော့
ယုံကြည်ထားနော် ..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်