Home » » ချစ်သူထံသို့ ပေးပို့စာ ..

ချစ်သူထံသို့ ပေးပို့စာ ..


နားလည်ပေးပါ ချစ်သူလို့ မပြောပါနဲ့မောင်
မောင့်အတွက် အမြဲနားလည်နေပေးနေလို့ပါ

လွမ်းတယ်ချစ်သူရယ်လို့ မပြောပါနဲ့မောင်
ဒီစကားလုံးနောက်ဆီက မောင့်ခံစားမှုကို သိနေလို့ပါ

အတူရှိချင်တယ်လို့ မပြောပါနဲ့မောင်
နာကျင်နေတဲ့ မောင့်နှလုံးသား မကြည့်ရက်လို့ပါ

နာကျင်မယ့်စကားလုံးတိုင်း မပြောပါနဲ့မောင်
မောင့်အတွက် ကြေကွဲရလွန်းလို့ပါ

တကယ်တော့ မောင်ရယ်
မောင့်အနားမှာ တဖ၀ါးမခွာရှိနေချင်သူပါ
မောင့်အပါးမှာ စက္ကန့်အမျှ ရှိနေသူပါ
မောင့်အနီးမှာ ထာဝရနေချင်မိသူပါ
မောင့်ရင်ခွင်ထဲမှာ အေးချမ်းစွာနဲ့ အမြဲရှိချင်သူပါ

အချိန်တွေရယ် မရောက်သေးတာကြောင့်
စကားလုံးနဲ့သာ နှစ်သိမ့်ပေးနိုင်တဲ့အဖြစ်ကနေ
အတူရှိနေမယ့်အချိန်ကိုလဲ ရောက်ချင်လှပြီမောင်ရယ် ..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်