Home » » မင်းကို ချစ်ဆဲ လွမ်းနေဆဲပါဟာ

မင်းကို ချစ်ဆဲ လွမ်းနေဆဲပါဟာ

ချစ်သူရယ် ...
ငါ့ရင်ထဲက အချစ်တွေကို
နင် နားလည်အောင် ငါ မပြောပြတတ်ပါဘူး
နင်မြင်အောင်လဲ ငါ ဖွင့်မပြတတ်ခဲ့ဘူး
နင် တွေ့အောင်လဲ ငါ ထုတ်မဖော်ခဲ့တတ်ဘူး..

အခြေအနေများစွာကြောင့်
နင် ရှိရာမရောက်နိုင်ခဲ့ပေမယ့်
ငါ့ နှလုံးသားအစဉ်က နင့်အနားမှာပါ။

အမည်ခံချစ်သူတောင် ဖြစ်ခွင့်မရခဲ့သလို
တကယ် ချစ်သူဖြစ်ဖို့လဲ ငါ မမျှော်လင့်ပါဘူး
ငါနားလည်တဲ့ အချစ်ဆိုတာ
ချစ်နေရရင်ပဲ ကျေနပ်နေတယ်ဆိုတာမျိုးပါ။

နင် ငါ့ကို မချစ်မှန်းသိပေမယ့်
မိုက်မဲလေတယ်လို့ သတ်မှတ်ချင်သတ်မှတ်လိုက်ပါ ...

ငါ့နှလုံးသား အမိုက်သမားလေးကတော့
မင်းကို ချစ်ဆဲ လွမ်းနေဆဲပါဟာ ...

လွမ်းဆုလေး 
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်