Home » » ရှင်သန်နေချင်တယ် ...

ရှင်သန်နေချင်တယ် ...





ချစ်စ ခင်စ မြတ်နိုးစမှာတော့
အရာရာဟာ အသစ်တွေပါပဲ။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
တစ်ယောက်လက်ကို တစ်ယောက်ကိုင်ရင်း
အတူကြည်နူးနေကြတယ်။

တစ်ယောက်အကြောင်း တစ်ယောက်ကိုပြော
အသိချင်းဖလှယ် အိပ်မက်တွေပြောရင်း
ရယ်မောပျော်ရွှင်ကြတယ်။

တစ်နေ့တာက သူတို့အတွက် မလုံလောက်သလိုပါပဲ
စကားလေးတွေ တွတ်တီပြောရင်း
တစ်ရက်ဆိုတာ ကုန်ဆုံးခဲ့တယ်။

ပျော်ရွှင်ခြင်းတွေ တိတ်ဆိတ်သွားတဲ့ချစ်သူတွေကတော့
တဟုန်းဟုန်းတောက်လောင်ပြီး ငြိမ်းသွားတဲ့
ကောက်ရိုးမီးလိုပဲ...

ခဏတာပျော်ရွှင်ခဲ့သမျှ မကြာခင်
အက်ကြောင်းတွေ ထင်ခဲ့တတ်တယ်။

ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ပါစေ
တို့နှစ်ယောက်အချစ်က
အမြဲသစ်လွင်ရင်း အစဉ်ရှင်သန်နေချင်တယ် ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်