Home » » အမေများနေ့ရဲ့ အမေများသို့

အမေများနေ့ရဲ့ အမေများသို့

အနန္တော အနန္တ ငါးပါးထဲမှာ
တစ်ပါး အပါအ၀င်ဖြစ်တဲ့
မွေးမိခင် မေမေ နှင့် ကျွေးမိခင် မေမေ
သံသရာအဆက်ဆက် တော်စပ်ခဲ့ဖူးသော
မေမေ တို့အားလုံးကို ဒီစာစုနဲ့အတူ
ကျေးဇူးအောက့်မေ ကန်တော့ပါသည်မေမေ..

ကိုယ်ထိလက်ရောင် ကျေးဇူးဆပ်ချင်ပေမယ့်
ဘ၀ခြားခဲ့လေသောမေမေအား
ရင်ထဲ နှလုံးသားမှ ကျေးဇူးအောက်မေ့
သတိရ ပေးဆပ်နေပါသည်မေမေ ..

ဒုက္ခကိုလှေလှော် သောကကိုရွက်လုပ်
လောကဓံဆိုတဲ့ တက်လေးနဲ့ သားသမီးတစ်ယောက်
အရွယ်ရောက်အောင် ဘေးရန်မျိုးစုံမှ
ပြုစုပျိုးထောင် အမြင့်တင်ပေးသည့်မေမေ...

ပွင့်သောပန်းတိုင်း လှပါလျှင် ပီတိဖြစ်ကာ
ဝမ်းမြောက်နေသည့် ဥယာဉ်မှုးပမာ
သားသမီးမျက်နှာ ကြည့်ရှုကာဖြင့်
မထိရက် မတို့ရက် သားသမီးတို့ရဲ့
ဥယာဉ်မှူးမေမေ ...

မေမေကိုရန်ပြုမည့်
သားဆိုးသမီးမိုက်ကိုပင်လျှင်
မေတ္တာစိတ်ဖြင့် နားလည်ပေးရင်း
အရွယ်ရောက်အောင် ကျွေးမွေးပေးသည့်
အတုမဲ့မေမေ...

သားသမီးတွေအတွက် မိုးကောင်းကင်ထက်ပင်
ကျယ်ပြောသော ရင်ခွင်ဖြင့်အုပ်ကာ
မြေထုပမာ သည်းခံချစ်ခြင်းတို့ဖြင့်
နားလည် သည်းခံပေးရှာတဲ့ မေမေ ..

မေမေဂုဏ်ရည် စာဖွဲ့လို့
ဘယ်လိုပင်ရေးသော်လည်း
မမီနိုင်လို့ ကလောင်တံချ
ငေးမောရသည်မေမေ... ။

သံသရာအဆက်ဆက်မှ မေမေတို့အား ဒီစာစုကဗျာတစ်ခုဖြင့် ရှိခိုးကန်တော့ပါသည်။

(ဘ၀တစ်ပါး ခြားလေသော မေမေတို့အား ကိုယ်စိတ်နှလုံး သုံးပါးတို့ဖြင့် အစဉ်အောက်မေ့လျှက် သားတို့ သမီးတို့တတ်မြောက်သောပညာကျေးဇူးဖြင့် ဆပ်ခွင့်ပြုပါမေမေ။ )

မေမေကို အစဉ်တမ်းတ လွမ်းဆွတ်လျှက်ဖြင့်..
လွမ်းဆောင်း - လွမ်းဆုလေး(ခ) ဆုလေးနွယ်


0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်