Home » » ကွက်လပ်

ကွက်လပ်

ချစ်သူ ...
အသဲကွဲမှာကြောက်ရင် မချစ်နဲ့တဲ့။

အသဲကွဲမယ်ဆိုတာ သိရက်နဲ့
မကြောက်မရွံ့ ငါ တိုးပြီးချစ်ခဲ့မိတာပါ ။

အထီးကျန်ဆန်မယ်ဆိုတာ သိနေရက်နဲ့
နောင်တမရပဲ ငါ ခရီးဆက်ခဲ့တာပါ။

ကြေကွဲရမှာ သိရက်နဲ့ မစိုးရိမ်ပဲ
ငါ အရူးအမူး ချစ်ခဲ့တာပါ။

လွမ်းရမှာ သိနေရက်
မပူမပင် ငါ ခုန်ဆင်းခဲ့မိတာပါ ။

အချစ်ဆိုတဲ့ စကားနှစ်လုံးကြောင့်
အားအင်တွေ အပြည့်ရှိလာတဲ့ ငါ့မှာ

မင်း မရှိသေးတဲ့ ငါ့နားက ကွက်လပ်လေးမှာ
ငါ တစ်ယောက်ထဲ မင်းပုံရိပ်ကို အစားထည့်
တမ်းတနေပါတယ်ဟာ ... ။
လွမ်းဆုလေး
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်