ငါ ရိုးသားခဲ့ပါတယ်
ဖြူစင်ခဲ့ပါတယ်
ပွင့်လင်းခဲ့ပါတယ် ..
မင်းအပေါ်မှာ အပြစ်ဆိုလို့
မြူတစ်မှုန်မျှ ငါ မတင်ခဲ့သလိုပဲ
ငါ ချစ်မ၀ခဲ့ပါဘူး ချစ်သူရယ် ...
ဟန်ဆောင်ခြင်းကို သိပ်မုန်းတတ်တဲ့
ငါ့ ပင်ကိုယ်စရိုက်တွေက အဲတာတွေကို
မနှစ်မြို့ခဲ့ဘူး ။
ငါ..... မုန်းတဲ့ မာယာ မုသား
ဟန်ဆောင်ခြင်းနဲ့ ကစားတတ်တာမှန်သမျှ
ငါ ရွံရှာခဲ့ပေမယ့် ..
မင်းကို သိပ်ချစ်လွန်းလို့
ငါ သုံးရတော့မယ်ထင်တယ် ...
ငါ ပြုံးနေတာကိုမှ အမြဲတွေ့ချင်တဲ့
မင်းအတွက် ငါ .....
အပြုံးတွေနဲ့ ဖုံးကွယ်ထားရတော့မယ် ။
ဒီအပြုံးတွေကိုတော့ ဖွင့်မကြည့်လိုက်ပါနဲ့
မင်းအတွက် အကောင်းဆုံးဖြစ်ချင်ခဲ့လို့
ငါ အမုန်းဆုံး ဟန်ဆောင်ခြင်းတွေ
မာယာမုသားတွေ ငါ သုံးထားရလို့ပါ ..
ကျေးဇူးပြုပြီး ဖွင့်မကြည့်လိုက်ပါနဲ့။
လွမ်းဆုလေး
ဖြူစင်ခဲ့ပါတယ်
ပွင့်လင်းခဲ့ပါတယ် ..
မင်းအပေါ်မှာ အပြစ်ဆိုလို့
မြူတစ်မှုန်မျှ ငါ မတင်ခဲ့သလိုပဲ
ငါ ချစ်မ၀ခဲ့ပါဘူး ချစ်သူရယ် ...
ဟန်ဆောင်ခြင်းကို သိပ်မုန်းတတ်တဲ့
ငါ့ ပင်ကိုယ်စရိုက်တွေက အဲတာတွေကို
မနှစ်မြို့ခဲ့ဘူး ။
ငါ..... မုန်းတဲ့ မာယာ မုသား
ဟန်ဆောင်ခြင်းနဲ့ ကစားတတ်တာမှန်သမျှ
ငါ ရွံရှာခဲ့ပေမယ့် ..
မင်းကို သိပ်ချစ်လွန်းလို့
ငါ သုံးရတော့မယ်ထင်တယ် ...
ငါ ပြုံးနေတာကိုမှ အမြဲတွေ့ချင်တဲ့
မင်းအတွက် ငါ .....
အပြုံးတွေနဲ့ ဖုံးကွယ်ထားရတော့မယ် ။
ဒီအပြုံးတွေကိုတော့ ဖွင့်မကြည့်လိုက်ပါနဲ့
မင်းအတွက် အကောင်းဆုံးဖြစ်ချင်ခဲ့လို့
ငါ အမုန်းဆုံး ဟန်ဆောင်ခြင်းတွေ
မာယာမုသားတွေ ငါ သုံးထားရလို့ပါ ..
ကျေးဇူးပြုပြီး ဖွင့်မကြည့်လိုက်ပါနဲ့။
လွမ်းဆုလေး
0 (လွမ်းဆုလေး) :
Post a Comment