အရှုံး



မျှော်လင့်ချက်တိုင်း
မပြည့်တတ်ခဲ့တဲ့ ကျွန်မ ဘ၀အတွက်တော့
အရှုံးဆိုတာလဲ အဆန်းမဟုတ်ခဲ့တော့ပါဘူး။

အဆုံးထိရောက်အောင် ချစ်ခဲ့ပြီးမှ
အမုန်းမပါပဲ ကျောခိုင်းစေဖို့
မခိုင်းရက်ပေမယ့်
ဒါတွေက အမှန်တရားတွေဆိုတာ
နှလုံးသားတစ်ခုကို ပြောပြနေရတယ် ။

သတိမရစေဖို့ မလုပ်နိုင်သလို
မေ့လိုက်ဖို့လဲ မဖြစ်နိုင်ခဲ့ဘူး
မုန်းလိုက်ဖို့ဆိုတာ အတွေးနဲ့တောင်မရှိဘူး ။

ဒါပေမယ့် ဒီအချစ်တွေအားလုံးကို
မကြာခင် ကျွန်မနဲ့အတူ အဆုံးသတ်ဖို့
အဝေးဆုံးသို့ ထွက်သွားပါတော့မယ်။

ပြန်မတွေ့နိုင်တော့တဲ့
မရှင်သန်နိုင်တော့တဲ့
မရှိတော့မယ့် တစ်နေ့ကိုပေါ့။

ကျွန်မ ခွဲမသွားပါဘူး
ကျွန်မ ပြန်လာခဲ့ပါမယ် ..

ဒါပေမယ့် .....

အသက်ရှင်ရက်ပြန်လာနိုင်ပါစေလို့
ဆုတောင်းပါတယ်။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်