Home » » မျက်ဝန်း

မျက်ဝန်း


ရိုးသားတဲ့ မျက်ဝန်းနက်နက် တစ်စုံနောက်ကွယ်က
ကျရှုံးခြင်းတွေ တစ်သီကြီးနဲ့
သမုဒ္ဒရာပင်လယ်ကြီးဖြစ်နေခဲ့တယ်။

မျက်ဝန်းလှလှလေးတွေထက်က အပြုံးတွေနောက်မှာ
ငိုကြွေးနေတဲ့ မျက်ရည်စတို့ရဲ့ မြစ်များစွာ
ဖြစ်တည်နေခဲ့တယ်။

မထင်ထားခဲ့ပါဘူး ...
မငိုခဲ့ပါဘူး .. အပြစ်မမြင်ခဲ့ပါဘူး
အားလုံးဟာ ကံစီမံရာပါပဲ ...

မသေချာတော့တဲ့မနက်ဖြန်များစွာအတွက်
သေချာတဲ့ ဒီနေ့တစ်ခုမှာ
ထာဝရတိုင်နှုတ်ဆက်ဖို့ လိုအပ်လာပြီလား...

ဟိုးရှေးရှေးတုန်းကပေါ့ ဆိုတဲ့
စကားလုံးမျိုးနဲ့ ငါ့သမိုင်းရာဇ၀င်တစ်ခုမှာ
ငါ ချစ်မိတဲ့ ဒီအချစ်တွေကို မှတ်တမ်းတင်ရင်း

အဝေးတစ်နေရာသို့
ငါ အမြဲအတွက် ကျောခိုင်းလိုက်ပါမယ်...
အချိန်အခါတစ်ခုကြောင့်
မဆုံနိုင်တော့တဲ့ မျဉ်းပြိုင်တစ်ကြောင်းပမာ
ငါတို့ ဦးတည်ချက်ချင်း ကွဲပြားနေတယ်။

ငါ ဘယ်တော့မှ မမုန်းခဲ့ပါဘူး
ငါ ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး
ငါ အမြဲကြိုဆိုနေမယ်
ငါ အမြဲမျှော်လင့်နေမယ် ...

တစ်နေ့ ဆိုတဲ့ နေ့ကိုပေါ့ ...

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်