ငါ နင့်နားမှာ အမြဲမနေပေးနိုင်တော့ပေမယ့်
နင့်နားက အဝေးဆုံးတစ်ခုကို ထွက်မသွားပါဘူး
နင်မရှိပဲ မရပ်တည်နိုင်သေးတဲ့ ငါ့အဖြစ်တွေက
လမင်းကြီးကိုပေးပါလို့ တစာစာအော်တောင်းနေတဲ့
ကလေးငယ်တစ်ယောက်လိုမျိုး
ငါ့နှလုံးသားက အခန်းငယ်ထဲကနေအော်နေခဲ့တယ်။
ငါ မရက်စက်တတ်ပေမယ့်
နင် အဆုံးသတ်ခဲ့ချင်လို့
ငါ ဒဏ်ရာအထပ်ထပ်နဲ့ ငါ့နှလုံးသားကို
သေဒဏ်ချထားလိုက်ပါတယ်။
ငါ့ ဘ၀မှာ ပျော်ရွှင်ခြင်း ပြုံးပျော်ခြင်း
အသက်ရှင်ခြင်းအားလုံးက
မင်းတစ်ယောက်သာ ဖန်ဆင်းနိုင်တယ်။
မင်းမရှိတဲ့နောက် ...
ငါ ဆိုတာလဲ မြူမှုန်တစ်ခုလိုမျိုး
ပျောက်ကွယ်သွားတော့မှာပါ။
တစ်ယောက်မကောင်းရင် တစ်ယောက်ပြောင်းဖို့
လူတိုင်းအတွက်လွယ်ကူပေမယ့်
သစ္စာမြတ်နိုးသော ငါ့အတွက်
အသစ်တစ်ဖန်မဖြစ်တည်နိုင်တော့ဘူး ။
အရာရာကို ငါနဲ့အတူ
ဟိုး..... ကမ္ဘာမြေအောက်ဆီမှာ
မြှုပ်နှံထားလိုက်ပါတော့မယ်။
လွမ်းဆုလေး
နင့်နားက အဝေးဆုံးတစ်ခုကို ထွက်မသွားပါဘူး
နင်မရှိပဲ မရပ်တည်နိုင်သေးတဲ့ ငါ့အဖြစ်တွေက
လမင်းကြီးကိုပေးပါလို့ တစာစာအော်တောင်းနေတဲ့
ကလေးငယ်တစ်ယောက်လိုမျိုး
ငါ့နှလုံးသားက အခန်းငယ်ထဲကနေအော်နေခဲ့တယ်။
ငါ မရက်စက်တတ်ပေမယ့်
နင် အဆုံးသတ်ခဲ့ချင်လို့
ငါ ဒဏ်ရာအထပ်ထပ်နဲ့ ငါ့နှလုံးသားကို
သေဒဏ်ချထားလိုက်ပါတယ်။
ငါ့ ဘ၀မှာ ပျော်ရွှင်ခြင်း ပြုံးပျော်ခြင်း
အသက်ရှင်ခြင်းအားလုံးက
မင်းတစ်ယောက်သာ ဖန်ဆင်းနိုင်တယ်။
မင်းမရှိတဲ့နောက် ...
ငါ ဆိုတာလဲ မြူမှုန်တစ်ခုလိုမျိုး
ပျောက်ကွယ်သွားတော့မှာပါ။
တစ်ယောက်မကောင်းရင် တစ်ယောက်ပြောင်းဖို့
လူတိုင်းအတွက်လွယ်ကူပေမယ့်
သစ္စာမြတ်နိုးသော ငါ့အတွက်
အသစ်တစ်ဖန်မဖြစ်တည်နိုင်တော့ဘူး ။
အရာရာကို ငါနဲ့အတူ
ဟိုး..... ကမ္ဘာမြေအောက်ဆီမှာ
မြှုပ်နှံထားလိုက်ပါတော့မယ်။
လွမ်းဆုလေး
0 (လွမ်းဆုလေး) :
Post a Comment