Home » » ဖေဖော်ဝါရီ (၁၄)

ဖေဖော်ဝါရီ (၁၄)


ဖေဖော်ဝါရီ (၁၄)
အားလုံးအတွက်တော့ ချစ်သူများနေ့ပေါ့ ..

နင်နဲ့ငါ့အတွက်တော့
ချစ်သူများနေ့ဆိုတာ မသက်ဆိုင်သလိုပဲ ..

သူများလို ငါတို့ အတူပျော်ခွင့်မရှိဘူး
အတူလည်ပတ်ခွင့်မရှိဘူး
အတူ ကြည်နူးခွင့်မရှိခဲ့ဘူးနော် ..

တစ်နယ်စီဝေး တစ်မြေစီခြားထားလို့
ငါတို့အတွက် ဖေဖော်ဝါရီ (၁၄) ဆိုတာ
အမည်ခံသက်သက်ဖြစ်မှာပါ..

ဒါပေမယ့်...
ငါတို့ ရင်ထဲမှာ ကျင်းပခွင့်ရှိတယ်
ငါတို့ အိပ်မက်တိုင်းမှာ ပျော်ခွင့်ရှိတယ်
ငါတို့ အတွေးတိုင်းမှာ ကြည်နူးခွင့်ရှိတယ် ..

အားလုံးပျော်ရွှင်စွာကျင်းပမယ့်
ဖေဖော်ဝါရီ ၁၄ မှာ
နင်နဲ့ငါ ...
ဖုန်းကနေ ဒါမှမဟုတ် အွန်လိုင်းကနေ
ချစ်သူများနေ့ကို ကျင်းပခွင့်ရှိတယ်လေ...

တကယ်တော့
မနက်ဖြန်တိုင်းက နင်နဲ့ငါ့ရဲ့
ချစ်သူများနေ့ ပါပဲဟာ..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်