ဆူး


အချစ်ဆိုတာ ဆူး တစ်ချောင်းတဲ့ ...

ဘယ်လိုဆူးပဲ ဆူးပါစေ
နုတ်ပစ်လိုက်မှ သက်သာမှန်း
ငါ သိပေမယ့် ...

ဒီ ဆူး ကို နုတ်လိုက်တာနဲ့
ငါ ဘာကြောင့်များ ...
ရှင်ရက်နဲ့ သေခဲ့တာလဲ ?

ငါ နားလည်ဖို့ကြိုးစားခဲ့ပါတယ်
အခြားနေရာ ဥာဏ်မီပေမယ့်
ဒီနေရာတော့ ငါ ...
ငတုံးဖြစ်သွားခဲ့တယ် ။

ငါ့ ရင်ထဲက ဒီဆူးတစ်ချောင်း
စူးနင့်အောင် ဆူးနေပေမယ့်
သွေးတစ်စက်စက်ကျ နာနေလဲ
ငါ ဆွဲမနုတ်ရက်ခဲ့ဘူး။

ဒီ ဆူးက နာကျင်မှန်းသိပေမယ့်
ငါ ကိုယ်တိုင် မြတ်နိုးနေမိတော့
သွေးတစ်စက်စက်ကျလဲ
ဒီ အချစ်ဆူးကိုတော့
ငါ ...........
......................... ။
လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်