ငါ မင်းပုခုံးလေးထက်
အပူပင်မဲ့စွာ မှီထားချင်ပါတယ် ...
မင်းရင်ခွင်လေးထဲမှာ
အေးချမ်းစွာ အိပ်စက်ချင်ခဲ့ပါတယ်..
မင်း အနမ်းတွေ အောက်မှာ
ငါ ရှင်သန်ချင်ခဲ့ပါတယ် ...
မင်းပေးတဲ့ အယုယတွေ ကြင်နာမှုတွေနားမှာ
ငါ ထာဝရနေချင်ခဲ့ပေမယ့်
ငါ့ရဲ့ဆုတောင်း ပြည့်ခဲ့ပါ့မလား ချစ်သူရယ် ...
ကမ်းပါးတစ်ခုမှာ ရပ်နေရသလိုမျိုး
ငါ့ရင်တွေ တလှပ်လှပ်နဲ့
မင်းပေးတဲ့အလွမ်းတွေက
ငါ့ကို သတ်နေခဲ့တယ်။
ငါ...
မင်းဆီ ဖုန်းတွေဆက်ချင်တယ်
မင်း နဲ့ စကားပြောချင်ပေမယ့်
ငါ့ နှလုံးသားရဲ့ ဆန္ဒ
ဦးနှောက်က ခွင့်မပြုဘူး။
ငါ .... မိန်းကလေးမို့
အရာရာစောင့်ထိန်းရပေမယ့် ...
တစ်ခါတစ်ခါမှာတော့
မိုက်ရူးရဲဆန်စွာ
မင်းရင်ခွင်ထဲ ပြေးဝင်ချင်မိပါတယ် ...
ဒါပေမယ့် ..
ဒါပေမယ့် ချစ်သူရယ် ......
မိန်းကလေး ဆိုတဲ့စည်းတစ်ခုက
ငါ့ကို တားနေခဲ့တယ် ......
လွမ်းဆုလေး
အပူပင်မဲ့စွာ မှီထားချင်ပါတယ် ...
မင်းရင်ခွင်လေးထဲမှာ
အေးချမ်းစွာ အိပ်စက်ချင်ခဲ့ပါတယ်..
မင်း အနမ်းတွေ အောက်မှာ
ငါ ရှင်သန်ချင်ခဲ့ပါတယ် ...
မင်းပေးတဲ့ အယုယတွေ ကြင်နာမှုတွေနားမှာ
ငါ ထာဝရနေချင်ခဲ့ပေမယ့်
ငါ့ရဲ့ဆုတောင်း ပြည့်ခဲ့ပါ့မလား ချစ်သူရယ် ...
ကမ်းပါးတစ်ခုမှာ ရပ်နေရသလိုမျိုး
ငါ့ရင်တွေ တလှပ်လှပ်နဲ့
မင်းပေးတဲ့အလွမ်းတွေက
ငါ့ကို သတ်နေခဲ့တယ်။
ငါ...
မင်းဆီ ဖုန်းတွေဆက်ချင်တယ်
မင်း နဲ့ စကားပြောချင်ပေမယ့်
ငါ့ နှလုံးသားရဲ့ ဆန္ဒ
ဦးနှောက်က ခွင့်မပြုဘူး။
ငါ .... မိန်းကလေးမို့
အရာရာစောင့်ထိန်းရပေမယ့် ...
တစ်ခါတစ်ခါမှာတော့
မိုက်ရူးရဲဆန်စွာ
မင်းရင်ခွင်ထဲ ပြေးဝင်ချင်မိပါတယ် ...
ဒါပေမယ့် ..
ဒါပေမယ့် ချစ်သူရယ် ......
မိန်းကလေး ဆိုတဲ့စည်းတစ်ခုက
ငါ့ကို တားနေခဲ့တယ် ......
လွမ်းဆုလေး
0 (လွမ်းဆုလေး) :
Post a Comment