Home » » ငါ့ ရင်ထဲက ထောင့်တစ်နေရာမှာ

ငါ့ ရင်ထဲက ထောင့်တစ်နေရာမှာ

တစ်ခါတစ်ခါမှာ ဘာမှမဟုတ်တဲ့ ပြဿနာတွေက
ငါ့ရင်ကိုမြစ်တစ်စင်းဖြစ်စေခဲ့တယ်..
အပြစ်မဟုတ်တဲ့ အရာတွေနဲ့
ငါ့ရင်တွေကို နာအောင်ဖန်တီးရက်တယ်..

သာမာန်သာဖြစ်ပေမယ့်
နားလည်မှုတွေလွဲခဲ့တဲ့အတွက်
ငါ့ရင်မှာ ဒဏ်ရာတစ်ခုဖြစ်တည်ခဲ့တယ်။

ဝမ်းနည်းဆို့နင့်နေတဲ့ ငါ့ရင်တွေမှာ
ပြောစရာစကားလုံးတို့ ပျောက်ဆုံး
ယူကြုံးမရတဲ့ ကြေကွဲမှုတွေက
ပါးပြင်ထက် မြစ်တစ်စင်းလုပ် စီးဆင်းကြတယ်။

အရာရာတိုင်းထက် ပထမ သာ ဦးစားပေးခဲ့လဲ
ဘာမှမဟုတ်တဲ့ အရာတွေက ဒုတိယလို့
ထင်ယောင်ထင်မှားဖြစ်စေခဲ့တယ်...

ငါ့ရင်ထဲမှာ ငါ့ နှလုံးသားမှာ
ငါနဲ့ သူစိမ်းဖြစ်တဲ့ နင်က
အမြဲပထမ နေရာယူထားတာကို
မသိခဲ့လို့များ အပြစ်ဆိုရက်လေသလား...

ဖြေမရခဲ့ပါဘူး ..
ကြေကွဲနေတယ်
ဒါပေမယ့် နင် သိအောင်လဲ ငါ မပြောပြလိုတော့ဘူး
ဒီနာကျင်မှုကို နင်သိလဲ စိတ်မကောင်းဖြစ်ရုံကလွဲရင်
ဘာအကျိုးမြတ်မှ မရှိတာကြောင့်
ငါ့ ရင်ထဲက ထောင့်တစ်နေရာမှာ
သိမ်းဆည်းလိုက်ပါတယ်..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်