Home » » ငါ မရှိတော့တဲ့နေ့ရက်များမှာ

ငါ မရှိတော့တဲ့နေ့ရက်များမှာ

ချစ်သူ..
မနက်ခင်းမိုးသောက်ထ
မှိန်ဝါးနေတဲ့ ငါ့ အနာဂတ်တွေကို
အားဖြည့်ကာ ကယ်ပေး
နင့် နွေးထွေးမှုနဲ့ ပွေ့ခဲ့တယ်။

ယိုင်လဲတဲ့ ငါ့အိပ်မက်တို့
ပြိုမကျအောင် ဆွဲထား
နင့်ရင်ခွင်နဲ့ နွေးစေတယ်။

ပျက်သုန်းနေတဲ့ ငါ့ မျှော်လင့်ချက်တွေ
အရောင်အသစ်ပြန်သွင်း
နင်တစ်ယောက်ထဲနဲ့ ရှင်သန်စေခဲ့တယ်။

ခုတော့ ..
ငါ လိုချင်တဲ့ ချစ်ခြင်းအိမ် မပြည့်နိုင်တော့ဘူး ..
ငါဖြစ်ချင်တဲ့ မိသားစုဘ၀ နင်မပေးနိုင်တော့ဘူး..
ငါတောင့်တတဲ့ နင့်ရင်ခွင် မှီခိုဖို့ မဖြစ်နိုင်တော့ဘူး ..
ငါ ကမ်းထားတဲ့လက်တစ်စုံ မခိုင်မြဲနိုင်တော့ဘူး ..

နင့်အတွက်နဲ့ ရှင်သန်ခဲ့တဲ့ငါ
နင့်အတွက်နဲ့ အားတင်းထားတဲ့ငါ
နင့်အတွက်နဲ့ ရပ်တည်ထားတဲ့ငါ
နင့်အတွက်နဲ့ ကြိုးစားနေတဲ့ငါ
ဒါတွေကိုသိရက်နဲ့ လုပ်ရက်တာလား..

အပြစ်မမြင်ပါဘူး .. အပြစ်မဆိုပါဘူး ..
နင်ပျော်ဖို့အတွက် ဘယ်အရာမှ အရေးမကြီးဘူး
ငါ မရှိတော့တဲ့နေ့ရက်များမှာ
င့ါအတွက် တစ်စိတ်တစ်ဒေသကို သတိရရင်း
ငါ့အတွက် ကောင်းမှုတစ်ခု ပြုပေးပါ..

ငါချစ်တဲ့နင် ငါ မြတ်နိုးတဲ့ နင်
ငါ တမ်းတခဲ့တဲ့ ငါ့ အလင်းရောင်က
ငါ လက်လှမ်းလို့မမီခင်
ကံကြမ္မာမုန်တိုင်းတွေကြောင့်
မီးငြိမ်းသွားခဲ့တာမို့
ထပ်ဖြစ်လာမယ့် အရာမှန်သမျှ
အားအင်အပြည့်နဲ့ ခံနိုင်ရည်ရှိပါစေ ..

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်