Home » » လွတ်လပ်ခြင်းရဲ့ နေရာ

လွတ်လပ်ခြင်းရဲ့ နေရာ

ကမ္ဘာမြေကြီးနဲ့ စစ်
သစ်ပင်နဲ့အမြစ်
လူနဲ့အချစ် တဲ့။

မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ
စီးဝင်နေတဲ့ ပင်လယ်ကြီးပမာ
ရေဘယ်လောက်စီးစီး
တင်းတိမ်တာမရှိသလိုမျိုး

အချစ်ပင်လယ်ကြီးမှာ
စီးမျှောခဲ့ကြ သံယောဇဉ်တို့
အလွမ်းအဆွေး ငိုကြွေးခြင်းများစွာ
ခံစားမှုရသမျိုးစုံနှင့်
နလံမထူအောင် ရိုက်နှက်
သွေးတစ်စက်စက်ကျ နာကျင်နေသော်လည်း

အသဲမနာ နားလည်စွာနဲ့
ကြည်ဖြူနေမိ ထိုစိတ်နှလုံးတို့
မောပန်းကြီးစွာ ကူးခတ်
အမုန်းလှိုင်းတံပိုးတို့ကြား
ငြိမ်သက်မနေတဲ့ မျှော်လင့်ချက် မုန်တိုင်းတို့နှင့်

အေးစက်စက် ကြင်နာမှုကြားမှာ
သေဆုံးမယ့် လူတစ်ယောက်ရဲ့
အသက်ငင်နေဆဲ ပုံသဏ္ဍာန်လို
ဆန့်တငင်ငင်ဖြစ်နေခဲ့ ထိုအိပ်မက်တို့

ဆုပ်ကိုင်ခွင့်မရ ကြည့်လို့မမြင်
ခံစားသိမှ သိနိုင်တဲ့
ထိုအရာများနဲ့ ဝေးရာ
အခြားသော ကမ္ဘာသို့
ပြေး ... ပြေးထွက်ချင်မိ။

           လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်