ည အရောင်
မဟူရာက
ပိုပြီး မှောင်မိုက်သွားသလိုမျိုး
လပြည့်ညမှာ
အရာရာက မှောင်အတိကျနေခဲ့ပေါ့။
တလက်လက်နဲ့
မျက်ရည်စတို့ ဝေ့သီ
ကောင်းကင်က ကြယ်ကလေးရေ
မငိုပါနဲ့ဟာ ...
တစီစီအော်နေတဲ့
ပိုးဖလံငယ်တို့
ဝမ်းနည်းမနေပါနဲ့ ။
စွန့်ပစ်ခံရသူ င့ါဆီမှာ
သူ့ပုံတူဆွဲ
သူ့အရိပ်တွေ မိတ္တူ ကူးထားလို့
အနားမှာ သူမရှိတော့တောင်
ငါ့ဘ၀ ငါ့ကမ္ဘာမှာတော့
မဟူရာက
ပိုပြီး မှောင်မိုက်သွားသလိုမျိုး
လပြည့်ညမှာ
အရာရာက မှောင်အတိကျနေခဲ့ပေါ့။
တလက်လက်နဲ့
မျက်ရည်စတို့ ဝေ့သီ
ကောင်းကင်က ကြယ်ကလေးရေ
မငိုပါနဲ့ဟာ ...
တစီစီအော်နေတဲ့
ပိုးဖလံငယ်တို့
ဝမ်းနည်းမနေပါနဲ့ ။
စွန့်ပစ်ခံရသူ င့ါဆီမှာ
သူ့ပုံတူဆွဲ
သူ့အရိပ်တွေ မိတ္တူ ကူးထားလို့
အနားမှာ သူမရှိတော့တောင်
ငါ့ဘ၀ ငါ့ကမ္ဘာမှာတော့
သူ ...
ရှင်သန်နေတုန်းပါပဲကွာ။
လွမ်းဆုလေး
ရှင်သန်နေတုန်းပါပဲကွာ။
လွမ်းဆုလေး
0 (လွမ်းဆုလေး) :
Post a Comment