Home » » ချစ်သူများနေ့မှာ

ချစ်သူများနေ့မှာ


ချစ်သူ ...

ချစ်သူများနေ့မှာ ..

အကောင်းစားချောကလက်မလိုပါဘူး
အကောင်းဆုံး အ၀တ်အစားတွေ မလိုပါဘူး
တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ မလိုပါဘူး။

ကန်တော်ကြီး ပန်းခြံ လိုက်ပို့ဖို့မလိုပါဘူး
မြို့အနှံ့လည်ပတ်ဖို့ လိုက်ပို့စရာမလိုပါဘူး
ဘုရားအနှံ့ လိုက်မပို့ပေးနိုင်ခဲ့လဲ ဘာမှမဖြစ်ပါဘူး။

အဲနေ့လေးမှာ ငါအတောင်းဆိုချင်ဆုံး
ငါ အလိုအပ်ဆုံးက
ငါ့နားမှာ ငါနဲ့ တစ်သက်လုံး
အေးအတူပူအမျှ
ငါတို့နှစ်ယောက်လက်ကို ခိုင်ခိုင်တွဲ
မခွဲထာဝရ ချစ်ကြမယ်ဆိုတဲ့
နင်နဲ့ငါ့ကြားက ကတိတစ်ခုပါ။

လူတကာသိအောင် ချစ်သူပါလို့
ကြေညာထုတ်ဖော်မယ့်အစား
ငါတို့ရင်ထဲက မပြောင်းလဲတဲ့ သစ္စာတွေနဲ့
ပိုတိုးပြီးချစ်နေမယ်ဆိုတာပဲ
ချစ်သူများနေ့မှာ ငါ့အတွက်
လက်ဆောင်ပေးပါ ....... ။

လွမ်းဆုလေး

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်