Home » » နေတတ်သွားမှာပါ ..

နေတတ်သွားမှာပါ ..


တကယ်တွေ့ဆုံနေကျ ချစ်သူတွေတောင်
ခဏခဏ လ မ်းခွဲကြသေးတာပဲ ..
နင် နဲ့ငါက တစ်ခါမှ မဆုံဖူးခဲ့တဲ့
သူစိမ်းတွေလေ ...

နှလုံးသား ရင်းနှီးမှု တစ်ခုကြောင့်
အသည်းခိုက်အောင် ချစ်ခဲ့ပေမယ့်
တောင်းဆိုခဲ့တဲ့ နင့်တောင်းဆိုမှုတိုင်းကို
လိုက်လျောပေးဖို့က ငါ့တာဝန်ပဲ မဟုတ်လား ..

ငါပေးဆပ်နိုင်သမျှ ငါပေးဆပ်ထားပြီ
ငါ တတ်နိုင်သမျှ ငါ လုပ်ပေးပြီးခဲ့ပြီ
အချိန်တန်လာတော့လဲ ခွဲခွာဖို့ ပြင်ဆင်ရမှာပေါ့ ..

တဆစ်ဆစ်နာကျင်နေတဲ့ ဒီနှလုံးသားကို
မျက်ကွယ်ပြုပြီး နီးရက်နဲ့ဝေးတဲ့
၃ နဲ့ ၄ လို ငါ ကျောခိုင်းဖို့ ဆုံးဖြတ်ရတော့မယ် ..

ငါ မရှိတဲ့နေ့ ငါ့ကို မမြင်တဲ့နေ့ရက်တိုင်းမှာ
ငါ့ကို မတမ်းတပါနဲ့ ..
ငါ့ကို မလွမ်းပါနဲ့ ..
ငါ့ကို သတိမရပါနဲ့ ..
ငါ့အကြောင်း ယောင်လို့တောင် မတွေးပါနဲ့ ...

ချစ်ရက်နဲ့ လမ်းခွဲ
အသဲတစ်ခြမ်းနဲ့ ပြေးထွက်ခဲ့တဲ့ ငါ့အဖြစ်တွေ
နင် မြင်တော့လဲ စိတ်မကောင်းရုံကလွဲရင်
ဘာမှ လုပ်ပေးနိုင်မှာမှ မဟုတ်ပဲ ... ။

ငါတို့ တကယ်ဝေးခဲ့ရင်
ကျေးဇူးပြုပြီးတော့ ငါ့ကို ..
မလွမ်းပါနဲ့ .. ။

လွမ်းဆုလေး

Admin - Lwan Su Lay
facebook - https://www.facebook.com/saunghnin.chitthu

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်