Home » » အဖြူရောင် အပြုံးများ

အဖြူရောင် အပြုံးများ


စိန် စိန် စိန် လိုက်လေလို့
နှုတ်ကလဲအော် လူကလဲပြေး
ခုန်လိုက်ပြေးလိုက်
မမောနိုင်မပန်းနိုင်
ဆော့ကစားခဲ့ကြ
ဘ၀အမှတ်တရတွေရယ်..

ငယ်စဉ်ကသူငယ်ချင်းများ
ဟန်ဆောင်မှု မရှိ ပကတိဖြူစင်
အမူသွင်နဲ့ ကြင်နာရိုင်းပင်း
ချစ်ချစ်ခင်ခင် ရှိခဲ့ကြတယ်။

အရွက်ရောက်လို့
တစ်နေရာစီ ဝေးခဲ့ကြရ
တွေ့ဆုံခဲ့ကြ မိတ်ဆွေသစ်တို့
စိတ်နေစိတ်ထား များပြားစုံလင်
လူ့လောက အကြောင်း
ဆည်းပူးခွင့်ရ
ဝမ်းနည်းဝမ်းသာ ပြုံးခြင်းငိုခြင်း
ကြည်နူးခြင်းတို့ တစ်ခုစီခံစား
အတွေးများနှင့်

စိတ်ထဲတမ်းတ ငယ်သူငယ်ချင်းတို့
တစ်နေ့သောအခါ ဆုံမိကြရင်
သူ့အကြောင်း ကိုယ့်အကြောင်း
ရင်ဖွင့်ကြရင်း ....

ဟန်ဆောင်ကင်းမဲ့ အပြုံများနဲ့
ရယ်မောအုံးမယ်လို့ ....
လွမ်းဆုလေး
 
 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်