Home » » မိသားစု ထမင်းဝိုင်း..

မိသားစု ထမင်းဝိုင်း..

ရိုးရှင်းစွာ ဖြူစင်လှတဲ့
မိဘတွေနဲ့ ထမင်းဝိုင်းရယ်
သားသမီးတစ်တွေ တစ်လက်စီလှမ်းကြ

''ဟင်းရည်နောက်တဲ့ ဇွန်းကလေးတွေလို့ ''

ချစ်စရာတင်စား အဖေ့စကားသံ
ရယ်မောကြည်ရွှင် အမေ့ပုံရိပ်တို့
ခုတော့ အဝေး ...
တကယ်ကို ဝေးခဲ့ပြီ။

ဘယ်လိုအစားထိုးမှ ရနိုင်မှာလဲ
တွေးမိကာ မျှော်လင့်ပေမယ့်
အဖေနဲ့ အမေရဲ့ စကားသံက
လွှမ်းမိုးလာ နားထက်ဆီသို့

" ဒီလို ထမင်းဝိုင်းကို
တချိန်မှာ ဆုံချင်တယ်ဆိုတောင်မှ
မဖြစ်နိုင်တော့ဘူး တဲ့ .. " ။

ဟင်းကောင်းမဟုတ်ပေမယ့်
တို့စရာ ငါးပိ မြှုပ်စရာ အသီးအရွက်တွေနဲ့
ခပ်ကျဲကျဲ ဟင်းချိုရည်တစ်ခွက်
ထမင်းမြိန်မဲ့ ငရုပ်သီးထောင်းရယ်
မောင်နှမစုံညီ စားချင်ပေမယ့်
အစားပြန်မရနိုင် ထိုအချိန်တွေက
ကုန်လွန်ခဲ့ပြီလေ ...။

မိသားစုရဲ့ထမင်းဝိုင်း ဆီက
အဖြူရောင် ရယ်သံများ
ခုတော့ ....
အတိတ်ရဲ့ ကြည်နူးရာ ပန်းချီအဖြစ်
တရေးရေးမြင်ယောင်မိရင်း

တစ်နယ်စီလှမ်းခဲ့ကြ သားသမီးတွေနဲ့
လောကမှ အပြီးတိုင်ခွဲထွက်သူ မိဘတွေရယ်ကြောင့်
ဘယ်တော့ခါမှ အစားပြန်မရတော့တာကိုတော့
နှလုံးသားရဲ့ ဟိုး.........
တစ်နေရာက သိနေလေရဲ့ ။

လွမ်းဆုလေး

( မိသားစုထမင်းဝိုင်းလေးကို သတိရမိလို့ ဆုလေးလိုပဲ သတိရတဲ့သူများအားလုံး ဒီစာလေးနဲ့အတူ အလွမ်းပြေနိုင်ပါစေလို့ ဆုတောင်းပါတယ်နော် .. )

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်