Home » » မြန်မာမိန်းကလေးတစ်ယောက်မို့ နားလည်ပေးပါ

မြန်မာမိန်းကလေးတစ်ယောက်မို့ နားလည်ပေးပါ



သူငယ်ချင်းတို့ရေ...
မြန်မာမိန်းကလေး ပီသဖို့
ကိုယ့်ကိုယ်ကိုတန်ဖိုးထား
အရာရာကို သတိထားကြတယ်။

အရှက်ကို အသက်နဲ့လဲ
သိက္ခာတွေကို စောင့်ထိန်းတယ်..
ရိုးရိုးယဉ်ယဉ် ၀တ်စားဆင်လို့
နက်မှောင်ကေသာ သနပ်ခါးဝါ၀ါဖြင့်
မြင်သူရင်ကို အေးစေတယ်..

မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရ လို့
ရှေးလူကြီးများ ဆိုကြတယ်
ခြေတစ်လှမ်း ကုဋေတစ်သန်းထိုက်တဲ့
အဖိုးတန်မိန်းကလေး ဖြစ်ချင်တယ်..

ကိုယ့်ရဲ့ပုံတူ ပန်းချီကားတစ်ချပ်က
ကိုယ့်ဘ၀ကို ဖျက်ဆီးနိုင်တာမို့
ဒီပုံတူကို ကိုယ့်ခင်ပွန်းအတွက်ထား
ကောင်းမွန်စွာ ထိန်းသင့်တယ်..

ခေတ်မဆန်ဘူးလို့မပြောပါဘူး
ခေတ်မီပေမယ့် ခေတ်မလွန်တာပါ..
ကိုယ့်ကိုယ်ကို စောင့်ထိန်း
တန်ဖိုးရှိသူအဖြစ် နေထိုင်တာမို့
မြန်မာမိန်းကလေးတစ်ယောက်ကို
တန်ဖိုးထားရင် နားလည်ပါလို့
မေတ္တာရပ်ခံရင်း ......

လွမ်းဆုလေး 

0 (လွမ်းဆုလေး) :

Post a Comment

နောက်ဆုံးတင်ခဲ့တော့ပို့စ်များ

Template information

Random post

bg
Get the Flash Player to see this player. Shoutcast & Icecast Server

Popular Posts

မန်ဘာဝင်ရန်